ကြက်ဥကို ကြော်လိုက်၊ပြုတ်လိုက်၊ချက်လိုက် .. အစရှိတဲ့ နည်းလမ်း မျိုးစုံ လုပ်ပြီး စားဖူးကြ မှာပါ။ ဒါပေမယ့် ဂျပန်က Etoni Mama ဆိုတဲ့ အမျိုးသမီး က တော့ ကြက်ဥ ကို အနုပညာ လက်ရာ မြောက် အောင် ဖန်တီားပြခဲ့ပါတယ်။က လေး (၃)ယောက်ရှိတဲ့ သူမက တော့ သမီးလေးတွေ အတွက် ပျော်စရာ လေးတွေ ဖြစ် အောင် ဖန်တီး ခဲ့ရင် လည်း သူမရဲ့ လက်ရာ Skill တွေ က တက်လာတာပါ။ဒီ အ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြ ထားပါတယ်။

သူမက တော့ က လေး တွေ အကြိုက် ဖြစ် အောင် ချစ်စရာ ကောင်းတဲ့ ပုံလေးတွေ ဖန်တီး ခဲ့ တာပါ။လုပ်တဲ့ နေရာမှာတော့ တော် တော် လေး ကို လက်ဝင်မှာ သေချာပါတယ်။ကြက်ဥ အနှစ်ဆို အနှစ် နေရာမှာ ချစ်စရာေ ကာင်းတဲ့ ပုံလေးတွေ ကို ပုံ ဖော် ရတာပါ။ Etoni Mama ကတော့ ချက်တဲ့ ပြုတ်တဲ့ နေရာမှာ တော့ ဆရာမကြီး ပါ။ဘယ်လို ဟင်း ပွဲပဲ လာလာ သူမလက်ထဲကို ရောက်သွားရင် အနုပညာ တစ်ခု အဖြစ် ပြောင်းလဲ ပစ်နိုင် စွမ်း ရှိပါတယ်။သူမရဲ့ ကြက်ဥ အနု ပညာလက်ရာတွေ ကြောင့်ပဲ အခုဆိုရင်တေ့ Instagram နဲ့ တွစ်တာ မှာပါ နာမည်ကြီး Star တစ်ယောက် ဖြစ်လာပါပြီ။ ကြော်ထား တဲ့ ကြက်ဥ ကိုပဲ အဓိက ထားပြီး ပုံဖော်တာပါ။

နာမည်ကြီးတဲ့ ကာတွန်းဇာတ်ကောင်တွေ၊ချစ်စရာ ကောင်းတဲ့ အ ကောင် လေးတွေ ကို ပုံဖော် ဖန်တီး ထားတာပါ။သမီးတွေ အတွက် လုပ်ပေးတဲ့ လက်ရာ တွေ က အရမ်းလှ လွန်းလို့ ဒီအ တိုင်းမထားပဲ အွန် လိုင်းပေါ် တင်ဖို့ ဘေးက နေ ၀ိုင်းအားပေးတဲ့ အတွက် တင် ဖြစ်ခဲ့တာပါ။ အခုဆိုရင် တော့ သူမရဲ့ IG မှာ အမာခံ Fan တစ်သိန်း ခွဲ လောက်ရှိ နေပါပြီ။

Etoni Mama ကတော့ ရေညှိ၊အ ရောင် စုံ ဟင်းသီးဟင်းရွက်၊အသားချောင်းတွေ ကို သုံးပြီး သူမရဲ့ အနုပညာ လက်ရာ တွေကို ဖန်တီးခဲ့တာပါ။သူမရဲ့ အရမ်းလှ တဲ့ လက်ရာ လေးတွေကို ဒီ့ထက်ပိုပြီး ကြည့်ရှု လေ့လာချင်တယ်ဆိုရင် တော့ သူမရဲ့ IG မှာ ပိုလှ တဲ့ လက်ရာ တွေ အများကြီး ကျန်ပါ သေးတယ်။
#SHWEMOM