ကမ္ဘာ့ကပ်ရောဂါစဖြစ်ဖြစ်ချင်း သူလုံးဝမသိခဲ့ကြောင်းပြောပြလာတဲ့ Jared Lato

instagram/jaredleto

ပြီးခဲ့တဲ့နွေဦးရာသီတုန်းက အမေရိကန်သရုပ်ဆောင် Jared Lato ဟာ ကန္တာရထဲမှာ တရားထိုင်ဖို့သွားခဲ့ပါတယ်။ ဒါပေမဲ့ အိမ်လည်းပြန်လာရော အရာအားလုံးဟာ ပြောင်းလဲနေတာကို အံ့သြဖွယ်သိခဲ့ရကြောင်း Jared က ဆိုပါတယ်။ အစောတုန်းက Jared ဟာ ကမ္ဘာကြီးတစ်ခုလုံးနဲ့ အဆက်ပြတ်နေခဲ့တာပါ။ ကမ္ဘာကြီးတစ်ခုလုံးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နာမကျန်းဖြစ်နေခဲ့တာကိုလည်း သူမသိခဲ့ပါဘူး။ Jared ဟာ ကန္တာရထဲမှာ တစ်နှစ်နီးပါးကြာအောင် တရားထိုင်နေခဲ့တာပါ။

အသက် ၄၉နှစ်ရှိပြီဖြစ်တဲ့ Jared က “ကျွန်တော်အဝေးရောက်နေတုန်း case ပေါင်း ၁၅၀လောက်ရှိခဲ့တယ်။ ဒီအချိန်တိုတိုလေးအတွင်းမှာပဲနော်။ ကျွန်တော်လည်းထွက်လာရော အားလုံးပိတ်ထားပြီ။ အရေးပေါ်အခြေအနေတွေ ဖြစ်နေပြီ။ ကမ္ဘာကြီးတစ်ခုလုံးလည်း ပြောင်းလဲသွားပြီ။ ဒါပေမဲ့ ကျွန်တော် ဟိုမှာရောက်နေတုန်းက အဲ့ဒီကလူတွေက ကျွန်တော်တို့ကို မပြောပြကြဘူး။ ကျွန်တော်တို့မှာ ဖုန်းမသုံးရဘူး။ စကားလည်းမပြောရဘူး။ မျက်လုံးချင်းဆုံအောင်လည်း မကြည့်ရဘူး။ တီဗီလည်း မရှိဘူး။”

 

View this post on Instagram

 

A post shared by JARED LETO (@jaredleto)

“အဲ့ဒီက ဆရာတွေက ဆုံးဖြတ်ထားကြတာ။ ကျွန်တော်တို့သင်တန်းသားတွေကို ဘာအနှောင့်အယှက်မှ မပေးဖို့လေ။ L.A ကိုပြန်ရောက်တော့မှ ကျွန်တော့်ဖုန်းဖွင့်ခဲ့တာ။ ကျွန်တော် အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်လုံးလည်း အေးအေးဆေးဆေးနဲ့ ကားမောင်းပြန်လာတာ။ ပြန်ရောက်တော့မှပဲ ရှော့ခ်ရသွားတော့တယ်။”လို့ ပြောပြပါတယ်။

 

View this post on Instagram

 

A post shared by JARED LETO (@jaredleto)

ကောင်းတဲ့ဘက်ကတွေးရင်တော့ Jared ကကန္တာရထဲမှာ တရားသွားထိုင်လာတဲ့အတွက် ဘဝမှာကြုံတွေ့ရမယ့် စိတ်ဖိစီးမှုတွေနဲ့စိတ်မချမ်းမြေ့စရာတွေကို ကောင်းကောင်းရင်ဆိုင်နိုင်ဖို့ အထောက်အကူဖြစ်မှာပါ။ Jared ကတော့ “ဒါပေမဲ့ ဖိစီးမှုလည်းရှိတယ်။ ပြီးတော့ ဒီကမ္ဘာ့ကပ်ရောဂါကြီးကို ကြောက်တာကလည်းရှိနေတယ်။ ကျွန်တော်ကတော့ ရောဂါတွေစပြန့်ချင်းမှာ ဒီလိုဖြစ်လာလိမ့်မယ်ဆိုပြီး သေချာပြင်ဆင်ထားတဲ့သူတစ်ယောက်မှ ရှိမှာမဟုတ်ဘူးထင်တာပဲ။” လို့လည်း ပြောခဲ့တာကို Today သတင်းအရ သိရပါတယ်။

READ
Chopra ကို Mercedes ကားကြီး လက်ဆောင်ပေးခဲ့တဲ့ Nick Jonas

ShweMom

SHARE