(၂၀၂၁) နှစ်ကုန်ပိုင်းမှာ Amazon စီအီးအိုရာထူးကနေ ဆင်းမယ့် Jeff Bezos

instagram/kamilbialous instagram/jeffbezos

Jeff Bezos ဟာ ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အမေဇုန်(Amazon)စီအီးအိုအဖြစ်ကနေ အလုပ်အမှုဆောင်ဥက္ကဌအဖြစ် ရာထူးဆင်းမှာဖြစ်တယ်လို့ businessinsider သတင်းအရ သိရပါတယ်။ အလုပ်အမှုဆောင်ဥက္ကဌအဖြစ် Bezos ဟာ ထုတ်ကုန်ပစ္စည်းအသစ်တွေနဲ့ အစီအစဉ်ကဏ္ဍအသစ်တွေလုပ်ဆောင်မှုအပေါ် အာရုံစိုက်သွားမယ်လို့ သိရပါတယ်။

Bezos က အမေဇုန်ရဲ့စီအီးအိုဖြစ်ရတာတာဝန်ကြီးကြောင်းနဲ့ အချိန်ကုန်တယ်ဆိုပြီး ဆိုခဲ့တာပါ။ တာဝန်ကြီးကြီးယူထားရတဲ့အတွက် အခြားအရာတွေပေါ်မှာ အာရုံစိုက်ပြီးအချိန်ပေးဖို့အားနည်းသွားတယ်ဆိုပြီး ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ Bezos ဟာ အမေဇုန်ရဲ့ အရေးကြီးတဲ့ စီမံခန့်ခွဲရေးအပိုင်းကဏ္ဍတွေမှာတော့ ဆက်လက်ပါဝင်ဦးမှာဖြစ်ပြီး သူ့ရဲ့ Bezos Earth Fund နဲ့ Day One Fund ပရဟိတဘက်ကို ပိုလုပ်ဖို့စိတ်အားထက်သန်လျက်ရှိနေပါတယ်။ ဒါ့ပြင် Bezos ဟာ ၂၀၁၃ခုနှစ်တုန်းက သူဝယ်ယူထားတဲ့ The Washinton Post နဲ့ သူ့ရဲ့ဒုံးယာဉ်ကုမ္ပဏီ Blue Origin တို့ကိုလည်း သေချာအာရုံစိုက်လုပ်ဖို့ စိတ်ကူးနေတာဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Kamil Bialous (@kamilbialous)

Bezos ရဲ့နေရာမှာတော့ Amazon Web Services ရဲ့စီအီးအို Andy Jassy က နေရာအစားထိုးမှာဖြစ်ပါတယ်။ Bezos ကတော့ Jassy ဟာ ထူးချွန်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ့အပေါ်မှာ ယုံကြည်မှုအပြည့်ရှိကြောင်း ဆိုထားတာပါ။ Jassy ဟာ အမေဇုန်ထဲ ၁၉၉၇ ခုနှစ်မှာ ဝင်ရောက်ခဲ့တာဖြစ်ပြီး အရည်အချင်းရှိတဲ့အတွက် ရာထူးတွေအလျင်အမြန်တက်သွားခဲ့တာပါ။

READ
အကြိုက်ဆုံး သီချင်းတွေကို ထုတ်ပြလိုက်တဲ့ အိုဘားမားတို့ ဇနီးမောင်နှံ

သူဟာ Bezos ရဲ့ အရင်းနှီးဆုံး ယုံကြည်အားကိုးရသူတွေထဲက တစ်ဦးဖြစ်ကာ ၂၀၀၃ခုနှစ်ကစပြီး အမေဇုန်ရဲ့ cloud-computing စီးပွားရေးကို ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ Cloud စီအီးအိုဖြစ်တဲ့ Jassy ဟာ အမေဇုန်ကို နှစ်စဉ် အမြတ်ငွေဘီလီယံဒေါ်လာ ၄၀ ကျော်ရအောင် စွမ်းဆောင်ပေးနေသူလည်းဖြစ်ပါတယ်။ Jassy နဲ့လက်တွဲအလုပ်လုပ်ခဲ့ဖူးတဲ့ လူတွေကတော့ Jassy ဟာ လူကောင်းတစ်ယောက်ဖြစ်ပြီး သူ့လူတွေအတွက် မျှော်လင့်ချက်ကြီးကြီးထားကြောင်းလည်း ပြောပြသွားခဲ့ပါတယ်။

ShweMom

SHARE