တစ်ခါမှမမြင်ဖူးသေးတဲ့ ပုံစံတစ်မျိုးနဲ့ မဂ္ဂဇင်းပုံတွေ ရိုက်ကူးပေးခဲ့တဲ့ Jennie

IG/ellekorea

BlackPink ရဲ့ အလှပဂေးမလေး တစ်ဦး ဖြစ်တဲ့ Jennie ကတော့ Elle မဂ္ဂဇင်းမှာ ပုရိသတွေပါ ကြွေစေနိုင်မယ့် အလှပုံရိပ်တွေကို ရိုက်ကူးထားခဲ့တယ်လို့ allkpop ကနေ ရေးသားထားခဲ့ပါတယ်။

 

၂၀၂၀ ဆောင်းဦးရာသီနဲ့ လိုက်ဖက်မယ့် HERA မှ မိတ်ကပ်အပြင်အဆင်တွေနဲ့ Jennie တစ်ယောက်ကတော့ လှချင်တိုင်းကို လှနေတော့တာပါပဲ။ အနီရောင်၊ အညိုရောင်နဲ့ ပန်းရောင်တွေကို သုံးပြီး လိုက်ဖက်အောင် ပြင်ဆင်ထားမှု တကယ့်ကို ရင်သပ်ရှုမောစရာပါပဲ။

READ
သူ့နေရာနဲ့သူဝတ်စားတတ်သူတစ်ယောက်လို့ ပရိသတ်တွေရဲ့ ချီးကျူးခံနေရတဲ့ သင်ဇာဝင့်ကျော်

 

HERA ရဲ့ Glowing effects ပါတဲ့ Cushion ကို အသုံးပြုပြီး လိမ်းပေးထားပြီး နှုတ်ခမ်းနီ ရဲရဲကို ဆိုးပေးထားတော့ တကယ့်ကို ခပ်မိုက်မိုက်ပုံစံလေးနဲ့ ပြစ်မျိုးမှဲ့မထင်လှနေတော့တာပါပဲ။

READ
ကင်ဆာကုသမှု ခံယူနေတဲ့ ချစ်သူကို အစွမ်းကုန် ပြုစုပေးနေတဲ့ Shin Min Ah

 

ကိုရီးယားရဲ့ မိတ်ကပ်အပြင်အဆင်တွေက အမြဲ ဆန်းသစ်နေတာကတော့ ချီးကျူးလောက်ပါတယ်နော်။

Kham

SHARE