Jessie Lipskin ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ eBay မှာ တင်ရောင်းထားတဲ့ ဘတ်စ်ကား တစ်စီးကိုတွေ့ပြီး အိပ်မက်ထဲက အိမ်မျိုးကို လိုက်ရှာမနေတော့ဘဲ ကိုယ့်လက်ကိုယ်ခြေနဲ့ ဖန်တီးယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နယူးယောက်မြို့မှာ နေထိုင်တဲ့ Jessie ဟာ eBay မှ ၁၉၆၆ GMC ဘတ်စ်ကား (Keanu Reeves ပါဝင်တဲ့ Speed ရုပ်ရှင်ထဲက ကားနဲ့ မော်ဒယ်တူတဲ့ ကား) ကိုတွေ့တဲ့အခါမှာ သဘောတွေ တွေ့ပြီး ချက်ချင်းပဲ ၀ယ်လိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ နှစ်နည်းနည်းကြာအောင်အချိန်ယူပြီး ဘီးတွေပါတဲ့ အိမ်လေးတစ်လုံးအသွင်ကို ပြောင်းပစ်ခဲ့ပါတယ်။ ပရောဂျက်ပေါ် စိုက်ထုတ်ခဲ့ရတဲ့ သူမအားထုတ်မှုရလဒ်က သိပ်ကိုလှပလွန်းပါတယ်။ ဘယ် ရိုးရာနဲ့မှ ဆက်နွယ်မနေတဲ့ သူမရဲ့ အိမ်ကလေးဟာ ဂေဟဗေဒနဲ့ လိုက်ဖက်တဲ့ နေထိုင်မှုသက်သက်ဖြစ်တယ်ဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။ သူမရဲ့ အားထုတ်မှုတွေကိုလည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။
Jessie ဟာ ဒီ ၁၉၆၆ မော်ဒယ် GMC ဘတ်စ်ကားကြီးကို အကြီးအကျယ်သဘောတွေ့ခဲ့ပြီး ရွေ့လျားနိုင်တဲ့ အိမ်တစ်လုံးအဖြစ်ဖန်တီးဖို့ဆုံးဖြတ်ခဲ့ပါတယ်

ဝယ်ကာစတုန်းက ကားရဲ့အတွင်းပိုင်းအခြေအနေဖြစ်ပါတယ်

အခက်အခဲဆုံးအပိုင်းက ဒါကြီးကို အသွင်ပြောင်းဖို့အတွက် မှန်ကန် သင့်အပ်တဲ့သူကို ရှာဖွေရတာပါဖြစ်ပါတယ်။

Jessie ဟာ DIY တွေကို နှစ်သက်စိတ်ဝင်စားသော်လည်း ဒီလို ပရောဂျက်နဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ အတွေ့အကြုံရှိခဲ့ဖူးသူမဟုတ်ပါဘူး။

အကြီးမားဆုံး စိန်ခေါ်မှုက ရှိတဲ့နေရာလေးမှာ အိမ်ပုံစံဝင်အောင် ထွင်ယူရတာလို့လည်း ပြောပါတယ်။

ကားရဲ့အမိုးကို ထောင့်တိုင်းတာတွေ၊ ပြတင်းပေါက် အခုံးလေးတွေရအောင် သစ်တွေကို ခွင်ကျအောင် ဖြတ်ရတာတွေကလည်း ခက်ခဲပါတယ်။

အတွင်းပိုင်း ထောင့်တွေတိုင်းရတာက အချိန်တော်တော်ပေးရတဲ့ အပိုင်းလည်းဖြစ်ပါတယ်။

ပြန်ပြင်ဖို့ သုံးနှစ်လောက် အချိန်ယူခဲ့ရပါတယ်။

နောက်ဆုံးရလဒ်ကတော့ အင်မတန် အံ့အားသင့်စရာပါပဲ..။

ဆီဆေး ပန်းချီကလေးလည်း လျှောက်လမ်းမှာ ချိတ်ဆွဲထားတယ်။

မီးဖိုးချောင်ကနေ အိပ်ခန်းကို မြင်ရပုံ

ခန်းဆီးတွေကိုလည်း အပိုအလိုမရှိကွက်တိ တိုင်းထွာ တပ်ဆင်ထားတယ်…

ခုံတန်းတွေမှာ တပ်ဆင်ထားတဲ့ ကူရှင်တွေကိုတော့ New Jersey က မှာယူခဲ့တာဖြစ်ပါတယ်။

အိပ်ယာဘေးမှာ စာအုပ်စင်သေးသေးလေးလည်းပါတယ်။

ဒါလေးက ဘီဒိုလေး

မီးဖိုချောင်

ရေခဲသေတ္တာလေးကို ထည့်ထားတာလေးကလည်း ချစ်စဖွယ်…

ဘေစင်နဲ့ ရေချိုးခန်းမှာတော့ မဟော်ဂနီသစ်ကို အသုံးပြုထားပါတယ်။



မီးဖိုချောင်မှ မြင်ကွင်း

Jessie Lipskin

သူမရဲ့ ဖန်တီးမှု လက်ရာမြောက်တဲ့ အိမ်ကလေး

Source: Bored Panda
Matthew (Shwemom)