ရုပ်ရှင်ထဲမှာ အတွဲညီပြီး အပြင်မှာ သူ့ကိုမုန်းတဲ့ သရုပ်ဆောင်ကို ပြောပြခဲ့တဲ့ Jim Carrey

Imdb_BatmanForever

(၁၉၉၅)ခုနှစ်က အမေရိကန်ဒါရိုက်တာ Joel Schumacher ရိုက်ကူးတဲ့ Batman Forever ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးကြမှာပါ။ အဲဒီရုပ်ရှင်က လင်းနို့လူသားရဲ့ အစောပိုင်း ရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်ပြီး ထိုအချိန်က အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတတယ်။ အဆိုပါ ရုပ်ရှင်ကားထဲမှာ လင်းနို့လူသားအဖြစ် Val Kilmer က သရုပ်ဆောင်ထားပြီး၊ Jim Carrey(ဂျင်မ်ကာရေး)က Riddler ဆိုတဲ့ ဗီလိန်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ အဲဒီရုပ်ရှင်ထဲမှာမင်းသားကြီး Tommy Lee Jones (တွမ်မီလီဂျုံး)လည်း ပါဝင်ခဲ့ပါသေးတယ်။

ဒီရုပ်ရှင်ထဲမှာ တွမ်မီလီဂျုံးဟာ သူနဲ့ အတူတူတွဲဖက်ပြီး သရုပ်ဆောင်ရတာဟာ အလွန်စိတ်ညစ်စရာ အကောင်းဆုံးကိစ္စတစ်ခုဖြစ်တယ်လို့ ဂျင်မ်ကာရေးက ပြောဆိုခဲ့ပါတယ်။ ဂျင်မ်ကာရေးဟာ ထိုအချိန်က ဇာတ်ကောင်နဲ့ သဏ္ဌာန်လုပ်သရုပ်တူအောင် ကြိုးစားဖန်တီးနေရတဲ့ အချိန်ဖြစ်တာကြောင့် ဇာတ်ကောင်က သူ့ကို ဝင်ပူးနေသလိုဖြစ်နေခဲ့ပါတယ်။ အမြဲတမ်းပြောင်စပ်စပ် မျက်နှာထားနဲ့ လူတွေကို စိတ်အနှောင့်အယှက်ပေးတတ်တဲ့ ဇာတ်ကောင်အတိုင်းအပြင်မှာ နေထိုင်ခဲ့ပြီး အဲဒီအပြုအမူတွေက တွမ်မီလီဂျုံးကို စိတ်ပျက်စေခဲ့တာပါ။

ရိုက်ကွင်းပြင်ပ စားသောက်ဆိုင်တစ်ခုအတွင်းမှာ ဂျင်မ်ကာရေးနဲ့ တွမ်မီလီဂျုံးတို့ အတူတူ ရှိနေစဉ်အချိန်အတွင်း ဂျင်မ်ကာရေးက တွမ်မီလီဂျုံးကို သွားနှုတ်ဆက်စဉ်မှာ တွမ်မီလီဂျုံးက ဒေါသတွေထွက်လာခဲ့ပြီး မျက်နှာတွေနီရဲလာခဲ့ပါသေးတယ်။ တစ်ကိုယ်လုံးလည်း တုန်ရီကာ လုံးဝကို မနှစ်မြို့ဟန်ကို ပြသခဲ့တာပါ။

ဒီအကြောင်းကိုတော့ ဂျင်မ်ကာရေးက အခုလိုပြောပြခဲ့ပါတယ်။

“စားသောက်ဆိုင်တစ်ခုမှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုပေါ့ဗျာ။ ဝင်သွားတော့ စားပွဲထိုးလေးက လှမ်းစကားပြောတယ်။ ခင်ဗျား တွမ်မီလီဂျုံးနဲ့ အလုပ်အတူတူတွဲလုပ်နေတာဆို ဟိုမှာ သူ ရှိတယ်လို့ ညွှန်ပြတယ်။ ဒါနဲ့ ကျနော်လည်း တွမ်မီလီဂျုံးဆီ သွားပြီး အခြေအနေဘယ်လိုလဲလို့ မေးခဲ့တာပေါ့။ ကျနော့်ကို တွေ့လိုက်ချင်းပဲ မျက်နှာတစ်ခုလုံး အမူအယာတွေပြောင်းစသွားပြီး တစ်ကိုယ်လုံးလည်း တုန်ရီလာတယ်။ ကျနော့်ကို သတ်ခါနီးအခြေအနေတစ်ခုလိုပဲ။ ပြီးတော့ ကျနော့်ကို လှမ်းဖက်လိုက်ပြီး  “မင်းရဲ့ မရယ်ရတဲ့ ဟာသတွေကို ငါလုံးဝ မခံစားနိုင်ဘူး”လို့ ပြောခဲ့ပါတယ်”

ဒီလိုမျိုး အမြင်မကြည်လင်မှုဖြစ်လာခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ဂျင်မ်ကာရေးဟာ နာမည်ကျော်ကောမစ်ဗီလိန်တစ်ယောက်အဖြစ် သရုပ်ဆောင်တဲ့ နေရာမှာ ကောမစ်စာအုပ်တွေထဲက ဗီလိန်ကို ပြောင်မြောက်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့ အချက်တစ်ချက်လည်း ပါဝင်ပါတယ်။ အဲ့ဒီအချိန်တုန်းက တွမ်မီလီဂျုံးကတော့ ဒရမ်မာရုပ်ရှင်ကားတွေမှာအများဆုံး သရုပ်ဆောင်ခဲ့သူ တစ်ယောက်ဖြစ်ပြီး နာမည်လည်း ပိုကြီးပေမယ့် Batman Forever ရုပ်ရှင်ထဲမှာတော့ ဂျင်မ်ကာရေးထက် လုပ်ကွက်မသာခဲ့ပါဘူး။ အဲဒီအချိန်တုန်းကတော့ ဂျင်မ်ကာရေးဟာ The Mask၊ Dumb၊ Ace Venture စတဲ့ ဟာသရုပ်ရှင်ကားတွေနဲ့ အလွန်နာမည်ကြီးနေတဲ့ အချိန်လည်းဖြစ်ပါတယ်။

 

 

View this post on Instagram

 

✌🏻 #jimcarrey #themask

A post shared by Jim Carrey (@jimcarrey__) on

တွမ်မီလီဂျုံးက သူ့လို ၀ါရင့်သရုပ်ဆောင်ကို ဟာသာကားတွေလောက်ပဲ ရိုက်ကူးခဲ့ဖူးတဲ့ ဂျင်မ်ကာရေးနဲ့ တွဲဖက်ပေးခဲ့တာကို မကျေမနပ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၀ါရင့်သရုပ်ဆောင်တွေပီပီ ရုပ်ရှင်ထဲမှာတော့ သူတို့နှစ်ယောက် အတွဲအဖက် အရမ်းညီခဲ့ပြီး ပြင်ပဘ၀မှာ မတည့်တာ ဘယ်သူမှ မရိပ်မိခဲ့ပါဘူး။ “သူက ကျနော်နဲ့ အလုပ်အတူတူတွဲလုပ်ရတာ တော်တော်စိတ်မသက်မသာဖြစ်နေတဲ့ပုံပဲဗျ၊ ဒီလိုဖြစ်နေတာကလည်း သူ့ရဲ့ မူလပုံစံမဟုတ်ဘူးဆိုတာကိုလည်း ကျနော် သိတယ်”လို့ ဂျင်မ်ကာရေးက ဖွင့်ဟခဲ့ကြောင်း ScreenRent ရုပ်ရှင်ဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့ပါတယ်။

 

 

View this post on Instagram

 

Behind the scenes MEN IN BLACK (1997)

A post shared by All The Right Movies (@allthe_rightmovies) on

Batman Forever ရုပ်ရှင်ကားဟာ ၀င်ငွေအရ အောင်မြင်ခဲ့ပေမယ့် ရုပ်ရှင်ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်အများစု လုံးဝ မကြိုက်ပဲ အနုပညာအရ မအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အတည်အတံ့တွေပဲ ရိုက်ကူးခဲ့တဲ့ မင်းသားကြီး တွမ်မီလီဂျုံးတစ်ယောက် Batman Forever ရိုက်ကူးပြီး နောက်ပိုင်းမှာ အမြင်ပြောင်းသွားခဲ့ပုံ ရပါတယ်။ (၁၉၉၇)ခုနှစ်မှာတော့ ဒရာမင်းသားကြီး တွမ်မီလီဂျုံးဟာ ခပ်နောက်နောက် ဇာတ်ရုပ်တွေနဲ့ အောင်မြင်နေတဲ့ တက်သစ်စ မင်းသား ၀ီလ်စမစ်(Will Smith) နဲ့ တွဲဖက်ပြီး Men In Black ဆိုတဲ့ သိပ္ပံဟာသ ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး ၀င်ငွေအရကော၊ အနုပညာအရပါ အရမ်းကို အောင်မြင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။

READ
Diana မင်းသမီးနေရာမှာ သရုပ်ဆောင်မယ်ဆိုတဲ့ Kristen Stewart

Ye Yint Kyaw

SHARE