ဟောလိုးဝင်းရုပ်ရှင်ထဲက လူသတ်သမားနဲ့ ခုခေတ်ကလေးတွေ တွေ့ကြတဲ့အခါ …

ဟောလိုးဝင်းရုပ်ရှင်ထဲက ကြောက်စရာကောင်းတဲ့ စိတ္တဇလူသတ်ကောင်ကြီး မိုက်ကယ်မိုင်ယာ ဆိုရင် အားလုံးသိကြမှာပါ။ သူ့ရဲ့မျက်နှာထက် ပိုပြီးကြောက်စရာကောင်းတဲ့ မျက်နှာဖုံးကြီးကြောင့် မြင်သူတိုင်းက ကြောက်လန့်တကြားဖြစ်ခဲ့ရတဲ့ မိုက်ကယ်မိုင်ယာရဲ့ ပုံတူကို ဖန်တီးပြီး ဟောလိုးဝင်းပွဲတော်မတိုင်ခင် ကလေးတွေကို ခြောက်လှန့်ဖို့အတွက် အမေရိကန်ရဲ့ နာမည်ကျော် ရှိုးတင်ဆက်သူ ဂျင်မီကင်မဲလ်က စီစဉ်ခဲ့ပါတယ်။

Youtube

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ အစီအစဉ်တစ်ခုမှာ ကင်မဲလ်က ကလေးတွေအတွက် ဟောလိုးဝင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးလို့ရတဲ့နေရာတစ်ခု ရှိကြောင်း အသိပေးခဲ့ပါတယ်။ အဲဒီနေရာမှာတော့ တခြား ကြောက်စရာအရုပ်တွေနဲ့အတူ မိုက်ကယ်မိုင်ယာ လိုမျိုး မျက်နှာဖုံးတပ်ဆင်ထားတဲ့ လူတစ်ယောက်လည်း ရှိနေခဲ့ပြီး ဓာတ်ပုံရိုက်ဖို့ ရောက်လာတဲ့ ကလေးတွေက အဲဒီလူကြီးနဲ့ ရင်ဆိုင်တွေ့ခဲ့ရတာပါ။

ကင်မဲလ်က ကလေးတွေရဲ့ မိဘတွေကို ကြိုတင်အသိပေးခဲ့ပြီး အထဲမှာ ဆန်တာကလော့စ်အရုပ်ကြီးတွေရှိသလို ကြောက်စရာကောင်းတဲ့ မိုက်ကယ်မိုင်ယာလို ပုံစံမျိုးလည်း ရှိနေမှာဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။

READ
သင်မသိသေးတဲ့ ဆောင်းဟေကိုရဲ့ဘ၀အစိတ်အပိုင်းအချို့
Youtube

ကလေးအများစုကတော့ ခေါင်းစွပ်ကြီးစွပ်ထားတဲ့ ကြောက်စရာလူကြီးဆီ မသွားရဲကြပဲ တချို့ဆိုရင် အပေါက်ဝကနေ ပြန်ပြီး ထွက်ပြေးကုန်ကြတာပါ။

အဲဒီထဲမှာမှ သတ္တိအကောင်းဆုံး ကောင်မလေးတစ်ယောက်ကတော့ မိုက်ကယ်မိုင်ယာပုံဖမ်းထားတဲ့ လူကြီးဆီကို မကြောက်မရွံ့နဲ့ သွားပြီး ဓာတ်ပုံအရိုက်ခံခဲ့သလို ဓာတ်ပုံရိုက်ပြီးတဲ့နောက်မှာလည်း ဖက်ပြီးတော့တောင် နှုတ်ဆက်ခဲ့ပါသေးတယ်။

ဂျင်မီကင်မဲလ်က မိုက်ကယ်မိုင်ယာဟာ လူကြီးတွေအတွက်တင်မကပဲ ကလေးတွေအတွက်ပါ ကြောက်ဖို့ကောင်းတယ်ဆိုတာ သေချာနေကြောင်း ဟာသလုပ်ခဲ့ပြီး မိုက်ကယ်မိုင်ယာဟာ ဒီနေ့အထိ ကြောက်စရာကောင်းနေဆဲဖြစ်တယ်လို့ သက်သေပြသွားခဲ့ပါတယ်။

(၁၉၇၈) ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဟောလိုးဝင်းရုပ်ရှင်ရဲ့ ဇာတ်ကောင်အဖြစ် နာမည်ကျော်လာခဲ့တဲ့ မိုက်ကယ်မိုင်ယာကြီးဟာ နှစ်တွေကြာလာတဲ့တိုင်အောင် ပရိသတ်တွေကိုကြောက်လန့်အောင်လုပ်နိုင်ဆဲပဲ ဆိုတာကတော့ အသေအချာပါပဲ။

Linn

Source : popsugar

 

SHARE