အပြန်အလှန်အပြစ်ဖို့ခဲ့ကြတဲ့ Johnny Depp နဲ့ Amber Heard တို့ရဲ့ ချီးအရှုပ်တော်ပုံ

မင်းသား Johnny Depp နဲ့ Amber Heard တို့ကတော့ နာမည်ကြီး ဆယ်လီစုံတွဲတွေထဲက တစ်တွဲဖြစ်ခဲ့ဖူးပါ တယ်။လက်ရှိမှာတော့ နှစ်ယောက်လုံးက တစ်ယောက်နဲ့ တစ်ယောက် အမုန်းနဲ့ လမ်းခွဲ ခဲ့ကြပါတယ်။ ပြိုကွဲသွားတဲ့ အိမ် ထောင်ရေးဟာ ဇနီးဖြစ်သူရဲ့ လက်ချက်ကြောင့်ဖြစ်ရတဲ့ အိပ်ယာပေါ်က မစင်ကြောင့်ဆိုပြီး Johnny Depp  ကအပြစ်ဖို့ခဲ့ပါတယ်။ Depp  က သူ့ရဲ့ ဇနီးဟောင်း ဟာ အိပ်ယာခင်းကို ညစ်ပတ်အောင် လုပ်တာကြောင့်  ဆိုပြီး စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ (၂၀၁၆) ဧပြီလတုန်းက Amber Heard ရဲ့ အသက် (၃၀)ပြည့် မွေးနေ့ပါတီကို (၂)နာရီတောင်နောက်ကျပြီးမှ ရောက်ခဲ့လို့ Amber Heard နဲ့ သူမရဲ့ သူငယ်ချင်းတွေက တမင် လက်စားချေတဲ့ အနေနဲ့ အိပ်ယာခင်းကို  ညစ်ပတ်အောင် လုပ်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

pinterest
pinterest

Amber Heard ကတော့ ဒီစွပ်စွဲချက်အပေါ် ငြင်းဆိုခဲ့ပြီး ဒါဟာ သူမရဲ့ ခွေးလေး Boo ရဲ့ မစင်လို့ ပြောခဲ့ပါတယ်။ မွေးနေ့နောက်ကျတာနဲ့ပတ်သက်ပြီးနှစ်ယောက်သားစကားများခဲ့ချိန်မှာ Johnny ကအတော်လေးပွဲကြမ်းခဲ့ကြောင်း၊ နောက်တစ်ရက်မှာတော့ အိမ်တော်ထိန်းက အိပ်ယာပေါ်မှာ မစင်တွေ့ခဲ့တာလို့ သိရပါတယ်။ အိမ်တော်ထိန်းကလဲ ဒါဟာ ခွေးစွန့်တဲ့ မစင်လို့ ပြောဖို့က မစင်က အတော်လေးကြီးတယ်လို့ ပြောပါတယ်။Johnny နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကေ တာ့..”ဒီ မစင်ဟာ Amber နဲ့ ပတ်သက်နေကြောင်းကို ဓါတ်ပုံနဲ့ တကွ သက်သေ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Amber  ဘက်က ကိုယ်စား လှယ် တစ်ယောက်ကတော့ “Boo  ဟာကျင်ကြီးစွန့်တာနဲ့ပတ်သက်ပြီး ပြဿနာရှိကြော င်း၊ ဒါဟာ ဟာသတစ်ခု မဟုတ်ကြောင်းနဲ့ မလေးမစားနဲ့ လုပ်တာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။ဒီကိစ္စဟာ ရိုးသားတဲ့ ကိစ္စတစ်ခုဖြစ်ကြောင်း၊ ဒီလိုအဓိပ္ပါယ်မရှိတဲ့ ကိစ္စကိုလဲ ဖြေရှင်းဖို့ ဆန္ဒမရှိ ကြောင်း ပြောခဲ့ပါတယ်။

READ
အစိမ်းရောင်ဝတ်စုံလေးနဲ့ ပုရိသတွေကို ကြွေအောင်လုပ်လိုက်တဲ့ ခင်ဝင့်ဝါ
pinterest
pinterest

တစ်လအကြာ (၂၀၁၆) မေလမှာတော့ သူတို့စုံတွဲဟာ မစင်ကိစ္စနဲ့ပတ်သက်ပြီး တခြားပြဿနာတစ်ခု ရှိလာခဲ့ပါတယ်။ Amber က Johnny ဟာ သူ့ရဲ့ ဖုန်းနဲ့သူမကို ပစ်ပေါက်ခဲ့တယ်ဆိုတဲ့ ကိစ္စပါ။ဖုန်းနဲ့ပစ်ပေါက်လို့ သူမရဲ့ မျက်နှာ ကို ထိသွားခဲ့တယ်လို့ ဆိုပါတယ်။အခင်းဖြစ်ပွားရာကို ရောက်လာတဲ့ ရဲနှစ်ဦးက သူမရဲ့ မျက်နှာပေါ်မှာ ဘာမှ ထိခိုက်ဒဏ်ရာ မရှိဘူးဆိုပြီး မှတ်တမ်းရေးခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ မပြေလည်တဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ဖို့ Amber က ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။ သံသယလွန်ကဲမှုတွေ၊ ယုတ္တိမရှိတဲ့ စွပ်စွဲချက်တွေ လုပ်တယ်ဆိုပြီး Johnny က ပြောဆိုတဲ့ အတွက် Amber  တစ်ယောက် ယာယီထိန်းသိမ်း ခံခဲ့ရပါတယ်။ ကွာရှင်းမှုကျေအေးချိန်မှာတော့ Amber  က ယာယီထိန်းသိမ်းမှု အမိန့် ကို ပြန်ရုပ်သိမ်းဖို့ တောင်းခံခဲ့ပါတယ်။ Johnny က အိမ်တွင်း အကြမ်းဖက်မှုကျူး လွန် တယ်လို့ စွပ်စွဲခဲ့ပေမယ့် Johnny ကတော့ ငြင်းဆိုခဲ့ပါတယ်။ နှစ်ယောက်လုံးရဲ့ ခွေးလေးတွေ ဖြစ်တဲ့ Pistol နဲ့ Boo တို့ကတော့ (၂၀၁၆)တုန်းက သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ ကွာရှင်းမှုကတော့ (၂၀၁၇) ဇန်န၀ါရီမှာ အပြီးသတ်ခဲ့ပါတယ်။ ခွေးနှစ်ကောင်ကို Amber ကထိန်းသိမ်းခွင့်ရခဲ့ပါတယ်။

READ
(၆၂)နှစ်ပြည့်မွေးနေ့ကို အသက်(၃၀)ကျော်ငယ်တဲ့ ချစ်သူလေးနဲ့ ကျင်းပခဲ့တဲ့ Madonna
pinterest
pinterest

Source themirror

SHARE