မပြောရင် အစားအစာတွေပဲလို့ပဲထင်မှတ်ရလောက်တဲ့ ဆပ်ပြာတုံးလေးများ

Instagram- @omnom_soap

မြင်ဖူးနေကျဆပ်ပြာတွေဆိုတာ စတုဂံပုံစံတွေ၊ စက်ဝိုင်းပုံစံတွေနဲ့ သာမန်ဆပ်ပြာတုံးတွေပဲ မဟုတ်လား။ ဒါပေမဲ့ အခု ဆပ်ပြာတုံးတွေကတော့ သာမန်မြင်နေကျ ဆပ်ပြာတုံးပုံစံမျိုးတွေမဟုတ်ဘဲ ဆန်းပြားတယ်ဆိုတာထက်ကို ပိုလွန်းနေပါတယ်။

မပြောရင် ဒါလေးတွေဟာ ဆပ်ပြာဆိုတာ သင်သိနိုင်ပါမလား။ တကယ့် အစားအသောက်တွေလို့ ထင်မှတ်ရလောက်တဲ့ ပုံစံမျိုးတွေနဲ့ ဆပ်ပြာတွေကို ဖန်တီးနေသူကတော့ Julia Popova ပါတဲ့။ St. Petersburg မှာ နေထိုင်သူ ရုရှားလက်မှုပညာရှင်တစ်ယောက်ပါ။

Instagram- omnom_soap

Julia ဟာ ကိုယ်တိုင်စမ်းသပ်လုပ်ကိုင်ရတဲ့ DIY လက်မှုပညာရပ်တွေကို စိတ်ဝင်စားသူတစ်ယောက်ဖြစ်ပါတယ်။ နောက်ပိုင်း DIY ဆပ်ပြာခဲလေးတွေ လုပ်တဲ့ပညာရပ်ဟာ ခေတ်စားလာခဲ့ပြီးနောက်မှာတော့ အပျော်သဘောနဲ့ ဆပ်ပြာလုပ်နည်းကို စတင်သင်ယူခဲပါတယ်တဲ့။ စစချင်းတုန်းကတော့ ဆပ်ပြာလေးတွေလုပ်ပြီး မိသားစုနဲ့သူငယ်ချင်းအသိမိတ်ဆွေတွေကို လက်ဆောင်အနေနဲ့ ပေးခဲ့တာပါ။

Instagram- omnom_soap
Instagram- omnom_soap

အဲဒီကနေတစ်ဆင့် သူမလုပ်တဲ့ ဆပ်ပြာလေးတွေကို Instagram မှာ @omnom_soap ဆိုတဲ့ account နဲ့ တင်ရင်း၊ တင်ရင်း တဖြေးဖြေးလူသိများလာကာ အခုဆိုရင် မှာတဲ့ဆပ်ပြာလေးတွေကို လုပ်ပေးပြီး ရောင်းချလျက်ရှိနေပါတယ်။

READ
ဖိုတိုရှော့ပ်မာစတာများလား မှတ်ရတဲ့ ရုရှားနိုင်ငံက ဒီဂျစ်တယ် အနုပညာရှင်

Julia ရဲ့ဆပ်ပြာတွေအားလုံးနီးပါးဟာ သဘာဝပါဝင်ပစ္စည်းတွေနဲ့ပဲ ပြုလုပ်ထားပါတယ်တဲ့။ အမျိုးသမီးတွေအတွက်ဆိုရင် ကိတ်မုန့်နဲ့ အချိုမုန့်လေးတွေ၊ အမျိုးသားတွေအတွက်ဆိုရင် အရက်နဲ့ အသားတွေ၊ ငါးတွေဆိုပြီး အများစုက လာမှာတတ်ကြပါတယ်လို့ သူမကပြောခဲ့ပါတယ်။ ဆပ်ပြာတွေဟာ အစားအသောက်အနံ့တွေတိုင်းလိုတော့ မထွက်ပေမယ့် အမျိုးသားတွေအတွက် လာမှာကြတဲ့ အရက်ပုလင်းဆပ်ပြာတွေမှာတော့ ရမ်အနံ့နဲ့ ဝီစကီအနံ့ကို ထည့်ပေးလို့ရပါတယ်။

Instagram- omnom_soap
Instagram- omnom_soap

Julia ရဲ့ စားချင့်စဖွယ်ဆပ်ပြာလေးတွေကို ကြည့်လိုက်ရအောင်လား။

တကယ့်ငါးအစစထင်နေတာ..

Instagram- omnom_soap

ငါးခြောက်တွေ..

Instagram- omnom_soap

ချောကလတ်လေးတွ..

 

 

Instagram- omnom_soap

ကြက်ဥအနှစ်ကအသက်နော်..

Instagram- omnom_soap

Macaroons လေးတွေ

Instagram- omnom_soap

ကွတ်ကီးလေးတွေစားချင်စရာပဲ

Instagram- omnom_soap

ဖက်ထုပ်

Instagram- omnom_soapပုလင်းတွေမှအစုံပဲ

Instagram- omnom_soap

ချိစ့်ပီဇာကြီးပါ..

Instagram- omnom_soap

ကောင်လေးကိုလက်ဆောင်ပေးဖို့ဆို မိုက်တယ်နော်

Instagram- omnom_soap

သကြားမှုန့်ဖြူးထားတာလေးကအစ အသေးစိတ်..

Instagram- omnom_soap

ဘယ်သူကထင်မှာပဲဆပ်ပြာလို့

Instagram- omnom_soap

ငုံးဥလေးနဲ့ ပေါင်မုန့်ညိုကအတော်တူတာ

Instagram- omnom_soap

ဒိုးနပ်တောင်စားချင်လာပြီ

Instagram- omnom_soap

တူလိုက်တာ..

Instagram- omnom_soap

Penny

SHARE