သိဟ်ရာသီဖွားတွေရဲ့ ဇူလိုင်လ ဟောစတမ်း

Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ သြဂုတ်၂၂ )မှာ မွေးဖွားသူတွေရဲ့ ဇူလိုင်လက ကံကြမ္မာ ဟော စတမ်းကို ဖော်ပြပေးချင်ပါတယ်။ဒီလမှာတော့ အလုပ်အကိုင်နဲ့မိသားစုကိစ္စတွေမှာ အပြောင်းအလဲ နဲ့ ကြုံရကိန်းရှိပါတယ်။သင့်ရဲ့ အောင်မြင်မှုနဲ့အလုပ်အကိုင်အတွက် မိသားစုဆီကနေ အကူအညီေ တွ ရနေပါလိမ့်မယ်။လုပ်ငန်းအကြံအစည်တွေနဲ့ တခြားအစီအစဉ်တွေအတွကိုတော့ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ။ဒီလအတွက်တော့ ဘယ်အရာကိုပဲ ဆောင်ရွက်ပါစေ။သေချာ တွက်ချက် ပြင်ဆင် ပြီးမှ  လုပ်ကိုင်သင့်ပါတယ်။

အလုပ်အကိုင် – ဒီလအတွက် အလုပ်အကိုင်အနေနဲ့ကတော့ လကုန်ပိုင်းလောက်ကျရင် အလုပ်တွေ များပြီး ဗျာများနေရမယ့် အခြေအနေမျိုးနဲ့ ကြုံရပါလိမ့်မယ်။စီးပွားရေးနဲ့အလုပ်အကိုင်တွေမှာ တိုး တက်မှု နဲ့ကြုံရနိုင်ပြီး သင်တန်းကိစ္စ၊Training ကိစ္စမျိုး၊အလုပ်ကိစ္စနဲ့ခရီးသွားရတာမျိုး နဲ့ ကြုံရနို င်ပါတယ်။အလုပ်ရှာနေကြသူတွေအနေနဲ့ ဒီလမှာ အလုပ်ရနိုင်ပါတယ်။

READ
(၂၀၁၇)မှာ အချစ်နဲ့ ဘယ်လို ဆုံတွေ့မလဲ(ရာသီခွင်အလိုက်)

ငွေရေးကြေးရေး– ဒီလမှာတော့ ငွေကံက သင့်ဘက်မှာ ရှိနေပါတယ်။ ရ င်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ချရတာပါလိမ့်မယ်။အဲ့ဒီ ကနေ မှ ငွေဝင်တာမျိုးနဲ့ ကြုံရနိုင်ပါတယ်။မျှော်လင့်မထားတဲ့နေရာတွေ၊ဆုံးပြီ ထင်တဲ့ ပိုက်ဆံတွေကို ပြန်ရပါလိမ့်မယ်။အထူးသတိပြုရမှာက ကိုယ့်ရဲ့ ငွေ ရေးကြေးေ ရးနဲ့ပတ်သက်ပြီး တခြားသူကို ပြောပြတာ၊ပါးစပ်ဖွာတာမျိုးကို ရှောင်ပါ။

 

မေတ္တာရေး – ချစ်သူရှိပြီးသား သူတွေအနေနဲ့ ဒီလမှာ နှစ်ဦးကြား အခက်အခဲ ပြဿနာတွေနဲ့ ကြုံရနိုင်ပါတယ်။လက်ထပ်ဖို့၊စေ့စပ်ဖို့ ကိစ္စတွေ၊ကွာရှင်းဖို့ ကိစ္စ၊ကလေးယူဖို့ ကိစ္စတွေကို ဒီလမှာ ဆုံးဖြတ်ချက် မချပါနဲ့။အဆုံး အဖြတ်မှား တွေနဲ့ကြုံရတတ်ပါတယ်။ချစ်သူနဲ့ ပြဿနာကြုံခဲ့ရင် ချက်ချင်းကြီးပြတ်စဲမယ်၊လမ်းခွဲမယ်တွေ မလုပ်မိပါစေနဲ့။Single တွေ အဖို့ကတော့ အချစ်တစ်ခုကို ပေါက်ဖွားဖို့ ဒီလမှာ အသင့်ဖြစ်နေပါလိမ့်မယ်။တခြားလူရဲ့ ပယောဂမပါပဲ ပေါ်ပေါက်လာမယ့် အချစ်ရေးမျိုးပါ။Single တွေအဖို့ကတော့ ကိုယ့်ဆီရောက်လာမယ့်အချစ်ကို ဒီလမှာ လက်ခံေ ပးသင့်ပါတယ်။

READ
သိဟ်ရာသီဖွား(Leo) များအတွက် 2017 ဇွန်လ အထွေထွေ ဟောစာတမ်း

ကျန်းမာရေး– ဒီလမှာတော့ ကျန်းမာရေး ကောင်းပါလိမ့်မယ်။အားအင် အပြည့်နဲ့ ခရီးဆက်နိုင်မယ့် လပါ။ခြုံပြောရရင်တော့ ဒီလမှာ ထူးထူးခြားခြား အပြောင်းအလဲမျိုးနဲ့ ကြုံရကိန်း မရှိပါဘူး။ပုံမှန် အတိုင်းပဲ တည်ငြိမ်စွာ လည်ပတ်နေနိုင်ပါလိမ့်မယ်။

ref;sunsigns

SHARE