မေထုန်ရာသီ(Gemini) ဖွားများအတွက် 2017 ဇွန်လ အထွေထွေဟောစာတမ်း

မေထုန်ရာသီဖွား (Gemini) တွေရဲ့ 2017 ခုနှစ် ဇွန်လကတော့ အလှည့်အပြောင်းတွေ များလွန်းတဲ့ လလို့ ဆိုရပါလိမ့် မယ်။ လုပ်ငန်းခွင်၊ ပညာရေး၊ အချစ်ရေး၊ ဘဏ္ဍာရေး စသည်တို့မှာလည်း မသိမသာရော သိသိသာသာပါ ပြောင်းလဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပါလိမ့်မယ်။

မေထုန်ရာသီဖွားတွေရဲ့ ပင်ကိုယ်သဘောသဘာဝအရ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ နေလိုသူတွေ၊ ဟန်ဆောင်မှု မရှိသူတွေ ဖြစ်ပါတယ်။ လူတော်တော်များများနဲ့ ပလဲပနံသင့်ပေမယ့် အကောင်းအပြောခံရတဲ့ သူတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သိသိကြီးနဲ့ ကိုယ်ယုံကြည်ရာ ရှေ့ဆက်နေကြသူတွေ ဖြစ်ပါတယ်။

ပညာရေး

2017 ဇွန်လဟာ မေထုန်ရာသီဖွားတွေအတွက်တော့ ပညာရေးအခွင့်အလမ်းတွေ အသင့်အတင့်သာ ကောင်းမွန်တယ်ုလို့ ဆိုရမှာပါ။ ဒါပေမယ့် ပညာသင်ကြားရမှုအပိုင်းမှာတော့ အများတကာထက် သက်တောင့်သက်သာ ရှိပြီး၊ ရတဲ့အခွင့်အလမ်း တွေကို လက်မလွှတ်သင့်ပါဘူး။ ဇူလိုင်၊ သြဂုတ်လမှာဆိုရင် ပညာရေးအခွင့်အလမ်းတွေ ပွင့်သွားပါလိမ့်မယ်။

READ
နှလုံးလမ်းကြောင်းကပြောတဲ့ သင့်အချစ်ရေးအကြောင်း

အလုပ်အကိုင်အခွင့်အလမ်း

ဇွန်လအတွင်းမှာ မေထုံရာသီဖွားတွေဟာ အိမ်နီးချင်းနိုင်ငံတစ်ခုခုမှာ အခြေချနေထိုင်ရဖွယ် ရှိပြီး၊ စီးပွားလည်း ဖြစ်ထွန်း
အောင်မြင်ဖို့ ရှိပါတယ်။ အလုပ်ခွင်မ၀င်ရောက်ရသေးလို့လည်း စိတ်ဓာတ်မကျကြပါနဲ့၊ မေထုန်ရာသီဖွားတွေရဲ့ ယခုနှစ် အလုပ်အကိုင် အခွင့်အလမ်းဟာ အခြားရာသီဖွားတွေထက် သာလွန်ပါတယ်။ ဇွန်လနှောင်းပိုင်းကစပြီး စီးပွားရေးနဲ့ အလုပ်အကိုင်တွေ စတင်အဆင်ပြေသွားဖို့ ရှိလို့ လောလောဆယ် မှေးထားလိုက်ပါဦး။

အချစ်ရေး/အိမ်ထောင်ရေး

အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ရှိနေကြပြီး၊ အချစ်ရဲ့ အရသာကို အချိုမြိန်ဆုံး ခံစားရမယ့် လဖြစ်ပါတယ်။ အိမ်ထောင်မကျသေးသူတွေ အိမ်ထောင်ကျကိန်းရှိပြီး၊ အိမ်ထောင်ကျပြီးသား မေထုန်ရာသီဖွားတွေအ တွက်တော့ သားသမီးရတနာတွေ ထွန်းကားဝေဆာမယ့် လဖြစ်ပါတယ်။

မဒီလေး (Shwemom)

source : www.sunsigns.org

SHARE