တူရာသီဖွား(Libra) များအတွက် 2017 ဇွန်လ အထွေထွေ ဟောစာတမ်း

တူရာသီဖွားတွေရဲ့ ပင်ကိုယ်သဘာဝအရ တစ်ပါးသူကို ကြင်နာတတ်သူ၊ စာနာထောက်ထားတတ်သူ၊ နူးညံ့သိမ်မွေ့သူ၊ လူတိုင်းကို ပျော်ရွှင်စေချင်သလို၊ သူ့မှာ မပျော်ရွှင်ဖြစ်နေရင်လည်း တစ်ပါးသူကို ဖွင့်ဟခြင်းမပြုပဲ အပြုံးနဲ့ မျိုသိပ်ထားတတ် သူတွေဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့သူတွေအပေါ်မှာတော့ သည်းအခံနိုင်ဆုံး ရာသီဖွားတွေ ဖြစ်ပါတယ်။

ပညာရေး

2017 ခုနှစ် ဇွန်လဟာ တူရာသီဖွားတွေအတွက်တော့ နယ်ပယ်အသီးသီးမှာ အဆင်ပြေပါလိမ့်မယ်။ ပညာရေးကဏ္ဍမှာ စိတ်ချမ်းသာလက်ချမ်းသာနဲ့ ပညာသင်ခွင့် ရရှိမှာ ဖြစ်သလို၊ ဘ၀အတွက် အရေးပါတဲ့ ပညာရေးအခွင့်အလမ်းတွေ စတင်ဆုပ်ကိုင်ခွင့် ရမယ့် လလည်း ဖြစ်ပါတယ်။ အတိုက်အခိုက်တစ်ချို့ ရှိပေမယ့် အရာရာကို ကျော်ဖြတ်နိုင်မှာပါ။

အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဘဏ္ဍာရေး

တူရာသီဖွားတွေရဲ့ အလုပ်အကိုင်ကတော့ လက်ရှိအလုပ်အကိုင်အတိုင်း တည်မြဲနေပြီး၊ ရာထူးတိုးခြင်း၊ လစာတိုးခြင်း တို့တော့ ဖြစ်ဖို့နည်းပါးတဲ့ လပါ။ ဒါပေမယ့် အမွေ၊ ထီ ကဲ့သို့သော ထင်မှတ်မထားတဲ့ ၀င်ငွေမျိုးတွေ အလုံးအရင်းနဲ့ ၀င်တတ်တဲ့ လဖြစ်လို့ စိုင်ကော်ရင်းနဲ့လည်း ခြုံပေါ်ရောက်သွားနိုင်ပါတယ်။ ၀င်ငွေထွက်ငွေ မျှတအောင် သုံးစွဲရင် အခက်အခဲ မရှိနိုင်ပါဘူး။

READ
ရာသီခွင်အလိုက် အချစ်ရေးကံမကောင်းစေတတ်တဲ့ အကြောင်းအရင်းများ

အချစ်ရေး/အိမ်ထောင်ရေး

လူမှုရေးမှာ အဆင်ပြေသလောက် အချစ်ရေးမှာတော့ ကံခေနေမယ့် လဖြစ်ပါတယ်။ ချစ်ခင်မြတ်နိုးရသူက အချိန်ဆွဲတာ တွေ၊ ဖွင့်ပြောမလိုလိုနဲ့ မပြောသေးတာတွေ ကြုံရနိုင်တဲ့ လဖြစ်ပါတယ်။ အိမ်ထောင်သည် တူရာသီဖွားတွေကတော့ အိမ်ထောင်ရေး သာယာပြီး၊ နားလည်မှုတွေ အပြည့်အ၀ ရနေမယ့် လဖြစ်ပါတယ်။

ကျန်းမာရေး

တူရာသီဖွားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ရင် ယခုနှစ် ဇွန်လမှာ အထူးသတိထားဖို့ လိုတာက ၀မ်းဗိုက်ရောဂါ၊ ခြေ ထောက် မတော်တဆထိခိုက်မှု စတဲ့ ပြဿနာလေးတွေ ရှိလာနိုင်လို့ အစစ မပေါ့ဆသင့်ပါဘူး။ အများအားဖြင့်တော့ ကျန်းမာတဲ့ ရသတ္တပတ်တွေကို ကျော်ဖြတ်ရမှာ ဆိုပေမယ့် သတိရှိနေဖို့လည်း လိုအပ်ပါတယ်။

မဒီလေး (Shwemom)

source : sunsigns.org

SHARE