ဓနုရာသီဖွား (Sagittarius) များအတွက် 2017 ဇွန်လ အထွေထွေ ဟောစာတမ်း

ဓနုရာသီဖွားတွေရဲ့ သဘောသဘာဝကတော့ အာရုံစူးစိုက်မှုကောင်းသူများဖြစ်ပြီး၊ အနုသုခုမပညာနဲ့ပတ်သက်ရင် တတ် မြောက်လွယ်ကြသူတွေ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်ကြပြီး၊ သူတို့စိတ်ထဲမှာ ဟင်ဆိုရင်လည်း လှည့်မ ကြည့်တတ်ကြတဲ့ သူတွေပါ။ အပြောင်းအလဲကို အမြဲဆာလောင်နေသူတွေဖြစ်ပြီး၊ ကိုယ်တိုင်ကလည်း ပြောင်းလဲနိုင်စွမ်းရှိဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။

ပညာရေး

ဓနုရာသီဖွားတွေဟာ ပညာရေးနဲ့ပတ်သက်ရင် အချိန်တိုင်း ကြိုးစားရှာဖွေနေသူများဖြစ်လို့ အရွယ်ရောက်လာတာနဲ့အမျှ ဗဟုသုတ ၀မ်းစာ ပြည့်မီနေတတ်တဲ့သူတွေပါ။ ပညာသင်ရာမှာလည်း ကျားကုတ်ကျားခဲ သင်ယူတတ်သူများ ဖြစ်လို့ မည်သည့် လရာသီပင်ဖြစ်စေ အခက်အခဲတွေကို ကျော်လွှားနိုင်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြိုးစားသလောက် ထွန်းပေါက်နေသူတွေပါ။ ယခုနှစ်ဇွန်လအတွက်လည်း ပညာရေးအခန်းကဏ္ဍနဲ့ပတ်သက်ရင် အလွန်ကောင်းနေပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဘဏ္ဍာရေး

ဇွန်လအတွင်းမှာ ဓနုရာသီဖွားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းက အနည်းငယ် အနှောက်အယှက် ရှိပါတယ်။ လုပ်ငန်းခွင်တွင်း ဖိအားတွေကြောင့် အမှားတွေကို မရည်ရွယ်ပဲ လုပ်ဆောင်နေတတ်ပြီး၊ မတူညီတဲ့ အလုပ်တစ်ခုကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရကိန်း ရှိပါတယ်။ စီးပွားရေးသမားတွေအနေနဲ့တော့ ဥပဒေတရားတဘောင်ကိစ္စမှာ အနိုင်ရဖို့ ရှိပြီး ငွေရင်းကြေးရင်း ပြန်ပေါ်တတ်ပါတယ်။

READ
Pisces (မိန်ရာသီဖွားတွေ)ရဲ့ ဧပြီလ ကံကြမ္မာဟောစတမ်း

အချစ်ရေး/အိမ်ထောင်ရေး

ဇွန်လထဲမှာ ဓနုရာသီဖွားတွေအတွက် အချစ်ကံထဖို့ ရှိပြီး၊ ဘာသာအယူဝါဒတူသူ၊ စိတ်တူကိုယ်တူ ဖူးစာဖက်နဲ့ ဆုံတွေ့ရ ကိန်း ရှိပါတယ်။ နိုင်ငံခြားကို ရောက်နေကြတဲ့ ဓနုရာသီဖွားတွေ ပြည်တော်အပြန်မှာ မင်္ဂလာယူရကိန်းရှိပြီး၊ အိမ်ထောင်သည် ဓနုရာသီဖွားတွေအတွက်ကတော့ ချစ်ပင်ချစ်မိုး ချစ်စပျိုးလို့ မကုန်နိုင်အောင် ဖြစ်နေမယ့် လပါဘဲ။

ကျန်းမာရေး

ကျန်းမာရေးကတော့ ရေချိုးမှားခြင်း၊ အစားမှားခြင်း စတာတွေဖြစ်နိုင်လို့ ကြိုတင်သတိထားရပါမယ်။ ဇွန်လ 20 ရက် မတိုင်ခင် အထိတော့ ကျန်းမာရေး အညံ့ပိုင်းကို ကျရောက်နေလို့ သတိထားနေထိုင်ကြဖို့ ထပ်ပြီး သတိပေးချင်ပါတယ်။ 21 ရက်နောက်ပိုင်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ။

မဒီလေး (Shwemom)

source : sunsigns.org

SHARE