ဗြိစ္ဆာရာသီဖွား(Scorpio) များအတွက် 2017 ဇွန်လ အထွေထွေ ဟောစာတမ်း

ဗြိစ္ဆာရာသီဖွားတွေဟာ ပင်ကိုယ်သဘောသဘာဝအရ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်သူများဖြစ်ပြီး၊ မာနလည်း အလွန်ကြီးကြသူ
တွေပါ။ ဒါပေမယ့် စိတ်ရင်းသဘောထား ကောင်းသူများဖြစ်ကြသလို၊ အဆင့်အတန်းမခွဲခြားပဲ ကူညီတတ်ကြပါတယ်။ အနေအထိုင် အေးဆေးတည်ငြိမ်ပြီး၊ သဘောမနောကလည်း ထင်မထားလောက်အောင် ကောင်းတတ်ကြလို့ လူချစ်လူခင် များသူတွေ ဖြစ်ပါတယ်။

ပညာရေး

2017 ခုနှစ် ဇွန်လဟာ ဗြိစ္ဆာရာသီဖွားတွေအတွက် လုပ်သမျှ အရာရောက်တဲ့ လဖြစ်တယ်လို့ ဆိုရမှာပါ။ ယခင်က အိပ်မက်ထဲမှာတောင် ထင်မှတ်မထားတဲ့ ပညာရေးအခွင့်အလမ်းတွေ လမ်းစပွင့်လာဖို့်ရှိပြီး၊ ထူးချွန်ပေါက်မြောက်မယ့် လမ်းကြောင်းပေါ်ကို စတင်ရောက်ရှိလာမယ့် လဖြစ်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဘဏ္ဍာရေး

အလုပ်ကို မဆုပ်မနစ်လုပ်တတ်တဲ့ ဗြိစ္ဆာရာသီဖွားတွေဟာ စီးပွားရေးနဲ့ လုပ်ငန်းခွင်နယ်ပယ်မှာ နေရာကောင်း အမြန်ရ နိုင်တဲ့ လဖြစ်ပါတယ်။ အစုအဖွဲ့နဲ့ လှုပ်ရှားရတဲ့ လုပ်ငန်းနယ်ပယ်မှာ အံဝင်ဂွင်ကျမရှိဘူးဆိုပေမယ့် အနာဂတ်အခွင့်အလမ်း
ကောင်းတွေ အများကြီး ဖန်တီးနိုင်မယ့်လပါ။ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရောင်းချခြင်း၊ ပို့ဆောင်ရေးလုပ်ငန်း စတာတွေမှာ အကျိုးများဖို့ ရှိနေပြီး၊ ကြီးမားတဲ့ လုပ်ငန်းကြီးတွေ အပ်နှံခံရနိုင်ပါတယ်။

READ
ဗြိစ္ဆာရာသီဖွားတွေရဲ့ ဇူလိုင်လ ဟောစတမ်း

အချစ်ရေး/အိမ်ထောင်ရေး

တစ်ကိုယ်ရေသမားတွေအတွက်တော့ နိုင်ငံရပ်ခြားက ချစ်သူနဲ့ ရေစက်ပါမယ့် လဖြစ်ပါတယ်။ သို့တည်းမဟုတ် ဆုံတွေ့ဖို့ အလှမ်းကွာဝေးလွန်းတဲ့ နေရာဒေသက ဖူးစာရှင် အစစ်အမှန်နဲ့ ဆုံတွေ့ရနိုင်တဲ့ လပါ။ ချစ်သူဖြစ်လုဖြစ်ခင် ဗြိစ္ဆာရာသီဖွား တွေအတွက် မကြာခင်မှာ ပျော်စရာကောင်းတဲ့ အဖြေရပါလိမ့်မယ်။ အိမ်ထောင်ရေးကလည်း သာယာဝပြောပါတယ်။

ကျန်းမာရေး

ဗြိစ္ဆာရာသီဖွားတွေအတွက်တော့ ဒီဇွန်လမှာ အထူးသတိထားရမယ့် ရောဂါက နှာစေးခြင်း၊ နှာရည်မွန်ခြင်း၊ အအေးမိချောင်း ဆိုးခြင်း စတဲ့ ရောဂါတွေက အမြစ်တွယ်သလိုတွယ်ပြီး ဒုက္ခပေးတတ်ပါတယ်။ ဒါ့အပြင် အာရုံကြောအားနည်းခြင်းရောဂါ ကလည်း ဒုက္ခပေးနိုင်ပါတယ်။

မဒီလေး (Shwemom)

source : sunsigns.org

SHARE