ပြိဿရာသီ (Taurus) ဖွားများအတွက် 2017 ဇွန်လ အထွေထွေဟောစာတမ်း

2017 ခုနှစ် ဇွန်လဟာ ပြိဿရာသီဖွားတွေအတွက်တော့ အကောင်းအဆိုး ဒွန်တွဲနေတဲ့ လတစ်ခု ဖြစ်ပါတယ်။ နယ်ပယ် အသီးသီးမှာ ပညာစုံတက်မြောက်ထားပေမယ့် တစ်ခါတလေမှာ အသုံးချမရတဲ့ အဖြစ်မျိုးတွေ၊ အရေးပါသင့်သ လောက် မပါတဲ့ ကိစ္စရပ်မျိုးတွေ ကြုံရမယ့် လပါဘဲ။

ပညာရေးလူမှုရေး

ယခုနှစ် ဇွန်လဟာ ပြိဿရာသီဖွားတွေအတွက် ပညာရေးအခွင့်အလမ်းတွေ ပွင့်လင်းတဲ့ လဖြစ်ပါတယ်။ ပညာရေးနယ် ပယ်မှာ ဗဟုသုတကြွယ်ဝရင် ကြွယ်ဝသလောက် ထင်တိုင်းပေါက်မယ့်သူတွေ ဖြစ်ပြီး၊ နိုင်ငံရပ်ခြား ပညာသင်သွားရနိုင်
ကိန်းလည်း ရှိသလို၊ ပြည်တွင်းမှာလည်း ပညာရေးနဲ့ ပတ်သက်ရင် လက်မထောင်လို့ ရပါတယ်။

လူမှုရေးမှာတော့ အချင်းချင်း အတို့အထောင်လုပ်တာ ခံရလို့ သူငယ်ချင်းတွေ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဘက်တွေက အထင်လွဲတာမျိုးလည်း ခံရနိုင်ပါတယ်။ ဒါပေမယ့် ဇွန်လ နှောင်းပိုင်းမှာ ပြဿနာအရပ်ရပ် ပြေလည်သွားဖို့ ရှိပြီး၊ အများရဲ့ လေးစားအားကိုးမှုကို ခံရမှာ မလွဲပါဘူး။

READ
မေထုန်ရာသီဖွားတွေရဲ့ ဇူလိုင်လ ကံဇာတာ ဟောစတမ်း

အလုပ်အကိုင်အခွင့်အလမ်းများ

လုပ်ငန်းခွင် မပြေလည်မှုအခြေအနေတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး သင် အောင်မြင်စွာ ကျော်လွှားနိုင်မှာပါ။ ရာထူးအခွင့်အ လမ်းတွေလည်း တိုးဖို့ရှိပြီး၊ ကြော်ငြာနဲ့ ကုန်ထုတ်လုပ်ငန်း လုပ်သူတွေအတွက်တော့ ငွေကို ခါးပိုက်နဲ့ သယ်ရမယ့် လလို့ ဆိုချင်ပါတယ်။

ဘဏ္ဍာရေးအခြေအနေ

ပြိဿရာသီတွေအတွက် ၀င်ငွေအကောင်းဆုံး လရာသီတွေထဲမှာ ယခုနှစ် ဇွန်လလည်း ပါဝင်ပါတယ်။ ပင်ကိုဘဏ္ဍာရေး ဆိုင်ရာ စီမံခန့်ခွဲမှုတွေကြောင့် ကောင်းကျိုးတွေ ဆက်တိုက်ခံစားရဖို့ရှိပြီး၊ အဆင့်မြင့်ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ ပို့ကုန် သွင်းကုန် လုပ်ငန်းတွေဟာ အဆင်ပြေချောမွေ့မယ့် လဖြစ်ပါတယ်။

အချစ်နဲ့ အိမ်ထောင်ရေးအခြေအနေ

ဇွန်လအတွင်း ပြိဿရာသီဖွားတွေရဲ့ အချစ်ရေးကတော့ ကတောက်ကဆတွေ ခဏခဏ ဖြစ်ပြီး၊ အဖုအထစ် များမယ့် လပါ။ ဒီလိုအခြေအနေမျိုးတွေ ဆက်တိုက်ကြုံနေရလို့ ကိုယ်တိုင်က အိမ်ထောင်ပြုဖို့ကို ကြောက်ရွံ့မိသည်အထိ ဖြစ်တတ်
ပြီး၊ အချို့ကတော့ လက်ရှိအချစ်နဲ့ ပြတ်ဆဲတာမျိုးတောင် ရှိတတ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှင်တွေကတော့ အချစ်ရေးတင်းမာမှုတွေကြားမှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ဘ၀ခရီးကို ဆက်ရဖို့ရှိပြီး ဇွန်လ လွန်ရင် ပြန်ကောင်းသွား မှာပါ။

READ
(၂၀၁၈)ခုနှစ်အတွက် (၁၂)ရာသီခွင်အလိုက် ကံကြမ္မာဟောစာတမ်း

ကျန်းမာရေး

ပြိဿရာသီဖွားတွေအတွက်တော့ ယခုနှစ် ဇွန်လဟာ ကျန်းမာရေး အထူးကောင်းမွန်တဲ့ လဖြစ်ပါတယ်။ ဒါပေမယ့် နာတာရှည် ခေါင်းကိုက်ခြင်း၊ အစာအိမ်ရောဂါသမားတွေအတွက် အထူး ဆင်ခြင်ကုသရမယ့် လ ဖြစ်ပါတယ်။ သာမန် ပြိဿရာသီဖွားတွေအတွက်တော့ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ ချမ်းသာခြင်းနဲ့ ပြည့်စုံမယ့် လဖြစ်ပါကြောင်း။

မဒီလေး (Shwemom)

source : sunsigns.org

SHARE