Kaley Cuoco ကိုတော့ Big Bang Theoryဆိုတဲ့ TV Series ကြည့်တဲ့သူတွေသိပါလိမ့်မယ်။ Big Bang
Theory ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာခဲ့တဲ့ Kaley Couco ဟာ မနေ့ကတော့ Grammy 2016 ပွဲကို
တက်ရောက်ခဲ့ပါတယ်။
ဒီပွဲမှာ သူမရဲ့ ဆံပင်ပုံစံဟာ လှိုင်းတွန့်အလိမ်များနဲ့ အရောင်ဟာလည်း လှပစွာပါင်းစပ်ထားတာကြောင့်
သူမဆံပင်ပုံစံကို လူကြိုက်များခဲ့ပါတယ်။ မီဒီယာများစွာကလည်း သူမရဲ့ဆံပင်ပုံစံကို ချီးကျူးခဲ့ကြပါတယ်။
၂၀၁၆မှာ ရေပန်းစားလာမယ့် ဆံပင်ပုံစံလို့လည်း သုံးသပ်နေကြပါတယ်။ ဒီဆံပင်ပုံစံညှပ်ချင်ရင်တော့
ဓာတ်ပုံယူသွားပြီး ဆိုင်ကိုပြလိုက်နော်။ 😛
Myanmar Online Media
Fashion
Source: mirror