စစ်မှုထမ်း အပြီးမှာ ဇာတ်လမ်းတွဲအသစ် ရိုက်ကူးတော့မယ့် CNBLUE’s Minhyuk

IG/kangminhyukclub

CNBlue အဖွဲ့ဝင် ဖြစ်တဲ့ Kang Minhyuk ကတော့ စစ်မှုထမ်းခဲ့ပြီးနောက် ပထမဆုံးအနေနဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးတော့မှာ ဖြစ်တဲ့အကြောင်း kstarlive ကနေ အခုလိုပဲ ဖော်ပြထားပါတယ်။

 

 

View this post on Instagram

 

Minhyukkkkk 😍😍😍😍 Cr: @bbaaaaaaagi

A post shared by Kang Minhyuk @mr_kanggun (@asal_minhyuk) on

သြဂုတ်လ ၁၁ ရက်နေ့မှာတော့ Minhyuk က မကြာခင်မှာ ရိုက်ကူးမယ့် Not Yet Thirty ဆိုတဲ့ ဇာတ်လမ်းတွဲ တစ်ခုမှာ ပါဝင်သွားမယ့်အကြောင်းကို အတည်ပြုခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ သရုပ်ဆောင် မင်းသမီး Jung Insun နဲ့အတူ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Lee Seungyoo ဆိုတဲ့ ဇာတ်ဆောင်နေရာကနေ ပါဝင်မှာ ဖြစ်ပြီး မင်းသမီး Jung Insun ရဲ့ အချစ်ဦးကောင်လေးအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

READ
သေသွားတဲ့ ခွေးလေးရဲ့အရိုးကို ပုံသွင်းပြီး သိမ်းထားဆဲဖြစ်တဲ့ Orlando Bloom

 

အသက် ၃၀ ရောက်လုရောက်ခင် အမျိုးသမီးတစ်ဦးရဲ့ အချစ်ဇာတ်လမ်းပုံစံကို ရိုက်ကူးကြမှာ ဖြစ်ပါတယ်။ အပိုင်း ၁၅ ပိုင်း ရှိမှာ ဖြစ်ပြီး တစ်ပိုင်းကို မိနစ် ၂၀ ခန့်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒီလအကုန်လောက်မှာ ရိုက်ကူးရေးတွေ စတင်မှာ ဖြစ်ပြီး Kakao Talk ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

READ
ကျန်းမာရေးလုပ်သားတွေအတွက် သီချင်းသစ်တစ်ပုဒ်နဲ့ ဂုဏ်ပြုခဲ့တဲ့ Avril Lavigne

 

ဒီဇာတ်လမ်းတွဲကတော့ မတ်လမှာ စစ်မှုထမ်းတာဝန် ပြီးဆုံးခဲ့ပြီးတဲ့နောက် Kang Minhyuk ရဲ့ ပထမဆုံး စတင်ရိုက်ကူးတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

Kham

SHARE