ကိုယ့်ထက် အသက်အများကြီးငယ်တဲ့ ကောင်လေးတွေနဲ့ပဲ တွဲချင်တယ်ဆိုတဲ့ Kate Beckinsale

[email protected]

Hollywood က နာမည်ကြီးမင်းသမီး Kate Beckinsale ကိုတော့ လူတော်တော်များများ သိကြမှာပါ။ Pearl Habor, Total Recall, Click, The Only Living Boyin New York အစရှိတဲ့ နာမည်ကြီး ဇာတ်ကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသမီးကတော့ Kate ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Kate ကို Underworld ဇာတ်ကားတွေရဲ့ ပင်တိုင်မင်းသမီးအဖြစ်နဲ့လဲ လူသိများလှပါတယ်။ အခုလည်း Kate ဟာ မကြာသေးခင်က Instagram ပေါ်မှာ သူ့ကြောင်ကလေးနဲ့ ဗီဒီယိုရိုက်ပြီး တင်ထားတဲ့ ပို့စ်အောက်မှာ လူတော်တော်များများက သူမရဲ့ Relationship ကို လှောင်ပြောင်ပြီး comment တွေပေးခဲ့တာကို တစ်ယောက်မကျန် comment ပြန်ရေးပြီး ရန်တွေ့ခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဗီဒီယိုထဲမှာ မြင်ရတဲ့အတိုင်း Kate ဟာ သူမရဲ့ ကြောင်ကလေးနဲ့ ဒီအတိုင်း ရိုးရိုးဗီဒီယိုလေးရိုက်ပြီး တင်ခဲ့တာပါ။ ဒါပေမယ့် လူတစ်ယောက်က “မင်းလာဖြစ်လို့ ကလေးလေးတွေနဲ့ပဲတွဲနေရတာလဲ” လို့ မေးခဲ့တဲ့အပေါ်မှာ Kate က “တမင်တကာတွဲတာ။ မင်းကို စိတ်အနှေင့်အယှက်ဖြစ်စေချင်လို့ ငါ့ထက်ငယ်တဲ့ ကောင်လေးတွေချည်းပဲ တွဲတာ” လို့ ပြန်ဖြေခဲ့ပါတယ်။ အခြားတစ်ယောက်ကလည်း “မင်းအတွက် အသက်ကြီးကြီး ရင့်ကျက်တဲ့ ယောက်ျားတစ်ယောက်လိုနေပြီ” လို့ ရေးထားတဲ့ comment အပေါ်မှာ “ ငါ့ဟာငါ ငယ်တဲ့လူတွေတွဲတာ ဘာဖြစ်လဲ။ ငါက ငယ်တဲ့လူတွေပဲ ကြိုက်တတ်တာကိုး”လို့ comment ပြန်ရေးခဲ့ပါတယ်။ အဲဒီပို့စ်အောက်မှာ သူမကို ဝေဖန်ထားတဲ့ အခြား comment တွေကိုလည်း တစ်ကြောင်းမကျန် ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

https://www.instagram.com/p/CBo2X5GjHSv/

View this post on Instagram

quarantine beard day 9 ∞

A post shared by Goody Grace (@goodygrace) on

အသက် (၄၆) နှစ်ရှိပြီဖြစ်တဲ့ Kate ရဲ့ နောက်ဆုံးတွဲခဲ့ဖူးတဲ့ ရည်းစားဟာ အသက် (၂၄) နှစ်အရွယ် အနုပညာရှင် Matt Rife ဆိုတဲ့ ကောင်လေးတစ်ယောက်ပါပဲ။ အဲဒီတစ်ယောက် မတိုင်ခင်မှာလဲ Saturday Night Live ရဲ့ နာမည်ကြီးစတားတစ်ယောက်ဖြစ်တဲ့ အသက် (၂၆) နှစ်အရွယ် Pete Davidson နဲ့ တွဲခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလမှာ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ Kate ဟာ ဒီလို ကိုယ့်ထက် အသက် ခေါက်ချိုးငယ်တဲ့ ကောင်လေးတွေနဲ့ တွဲနေလို့လည်း မကြာခဏ ဝေဖန်ခံနေရတဲ့ မင်းသမီးတစ်ယောက်လဲ ဖြစ်ပါတယ်။

View this post on Instagram

Big hair,care a TINY bit

A post shared by Kate Beckinsale (@katebeckinsale) on

“လူတွေကတော့ ပြောချင်ရာပြောကြမှာပဲ။ ကျွန်မကလဲ လုပ်ချင်ရာလုပ်မှာပဲ။ သူ့အကြိုက်နဲ့ ကိုယ့်အကြိုက်ပဲ။ ကျွန်မကြိုက်လို့ ကျွန်မတွဲတယ်လေ။ ဘာလို့ ဝိုင်းပြောနေကြလဲ ကျွန်မလဲ နားမလည်တော့ဘူး။ ကျွန်မကိုယ်တောင် ကျွန်မမပိုင်တော့ဘူးလား။ လူတွေကတော့ ဒီလိုပါပဲ။ ကျွန်မကတော့ သူတို့ဘာပြောပြော၊ ဘယ်လိုပဲ ဝေဖန်ဖန် သိပ်တော့ ဂရုမစိုက်တော့ပါဘူး” လို့ Kate က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE