ဓာတ်ပုံဆရာတွေကတောင် ချီးကျူးရတဲ့ ကြင်ယာတော် Kate Middlton ရဲ့လက်ရာလေးများ

Instagram- @kensingtonroyal

အင်္ဂလန်တော်ဝင်မင်းသား William ရဲ့ ကြင်ယာတော် Kate ကတော့ တော်ဝင်မိသားစုရဲ့ ကြင်ယာတော်တွေထဲ အချစ်ခံရဆုံးလို့တော်ဆိုရမှာပါပဲ။ သူမရဲ့ ကျက်သရေရှိလှတဲ့ ရုပ်ဆင်းအင်္ဂါ၊ အေးချမ်းလှတဲ့အပြုံးနဲ့ သူမရဲ့နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံတွေအကုန်လုံးဟာ တကယ့်ကိုမှ တော်ဝင်မင်းသမီးတစ်ပါးအလား ထင်မှတ်ရစေပါတယ်။

https://www.instagram.com/p/B7543aslqdr/

သူမဟာ နာမည်ကျော်ကြားပေမယ့်လို့ တစ်ခုသောပါရမီထူးကိုတော့ လူတွေသိပ်သတိမထားမိခဲ့ကြပါဘူး။ အဲဒါကတော့ ဓာတ်ပုံရိုက်ခြင်းပါပဲ။ အထူးသဖြင့် Kate ဟာ သားသမီးတွေရဲ့ပုံတွေကို ကိုယ်တိုင်ရိုက်ကူးလေ့ရှိတယ်ဆိုတာကိုပါ။

မင်းသမီးလေး Charlotte နဲ့ မင်းသားလေး George တို့နှစ်ယောက် မွေးစကတည်းက Kate ဟာ သူမရဲ့ကလေးနှစ်ယောက်စလုံးရဲ့ ဓာတ်ပုံလေးတွေကို ကိုယ်တိုင်ရိုးကာ မှတ်တမ်း တင်ထးခဲ့ပါတယ်။

https://www.instagram.com/p/Bwkq68KF-xS/

အဲဒီအထဲကမှ George လေး မွေးကင်စအချိန်တုန်းက မင်းသမီးလေး Charlotte က သူ့မောင်လေးကို ချီထားတဲ့ပုံလေးကတော့ ပရိတ်သတ်တွေကြားထဲ ရေပန်းစားခဲ့ပါတယ်။

ဒီအပြင် Kate ဟာ တော်ဝင်မိသားစုရဲ့တရားဝင် Instagram account မှာ Kate လေး ကျောင်းတက်တဲ့ပုံရိပ်လေးတွေ၊ George လေး မူကြိုစတက်တဲ့ပုံလေးတွေကိုလည်း သူတို့ပရိတ်သတ်တွေအတွက် မျှဝေခဲ့ပါသေးတယ်။

တကယ်တော့ Kate ဟာ Royal Photographic Society ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်နေသေးပြန်ပါတယ်လို့ Insider မှာ ဖော်ပြထားပါတယ်။ တော်ဝင်မိသားစုကို ချစ်ခင်နှစ်သက်ကြတဲ့ ပရိတ်သတ်တွေကပါ သူမရဲ့လက်ရာ ဓာတ်ပုံလေးတွေကို အားပေးရုံမကဘဲ တကယ့် ဓာတ်ပုံဆရာများကလည်း Kate ဟာ အလင်းအမှောင်နဲ့အယူအဆတွေကိုလည်း သေချာနားလည်တယ်လို့ ချီးမွမ်းထားခဲ့ပါသေးတယ်။

READ
ထူးဆန်းတဲ့အချက်တွေကြောင့် အွန်လိုင်းပေါ်မှာလူကြည့်များနေတဲ့ KateYupရဲ့ဗီဒီယို

Kate ရဲ့ လက်ရာလေးတွေကို ကြည့်လိုက်ကြရအောင်နော်။

https://www.instagram.com/p/B1V-wTLFZRm/

https://www.instagram.com/p/B_TFx2vF-ix/

READ
မြင်သူတကာ လည်ပြန် ငေးသွားလောက်တဲ့ အလန်းစား ဖက်ရှင်နဲ့ ပွဲတက်ခဲ့တဲ့ သင်ဇာဝင့်ကျော်

Penny

SHARE