ဒီဘက်ခေတ် လူငယ်အများစုကတော့ Marvel က ရိုက်ကူးတင်ဆက်တဲ့ စူပါဟီးရိုးတွေကို တော်တော်များများ နှစ်သက်သဘောကျကြမယ်လို့ ထင်ပါတယ်။ Captain America, Thor, Iron Man, Black Widow စတဲ့ ဇာတ်ကောင်တွေဟာ လူငယ်တွေရဲ့ အကြိုက်ဆုံး စူပါဟီးရိုးတွေပါ။ ဒီစူပါဟီးရိုးတွေရဲ့ နောက်ကွယ်က ဖန်တီးသူကတော့ Marvel Studios ရဲ့ ဥက္ကဌ တစ်ယောက်ဖြစ်သူ Kevin Feige ပဲ ဖြစ်ပါတယ်။
View this post on Instagram
Kevin Feige ဟာ လက်ရှိအချိန်မှာတော့ အရှေ့တောင်အာရှကို ကိုယ်စားပြုတဲ့ စူပါဟီးရိုးဇာတ်ကောင်အသစ်ကို Marvel က ပုံဖော်ရိုက်ကူးတော့မယ့်အကြောင်းကို ပြောပြခဲ့ကြောင်း NME သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တုန်းက Kevin ဟာ Singapore နိုင်ငံမှာ ပြုလုပ်ကျင်းပတဲ့ Streaming service မိတ်ဆက်ပွဲအခမ်းအနားတစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းဌာနတစ်ခုက အရှေ့တောင်အာရှနဲ့ ပတ်သတ်တဲ့ စူပါဟီးရိုးဇာတ်ကောင်အသစ် ပေါ်ထွက်လာဖို့ ရှိမရှိ ကိစ္စနဲ့ ပတ်သတ်ပြီး Kevin ကို မေးမြန်းခဲ့ပါတယ်။ Kevin ကတော့ လက်ရှိအချိန်မှာလည်း တိုက်တိုက်ဆိုင်ဆိုင် သူ့အနေနဲ့ အရှေ့တောင်အာရှရဲ့ စူပါးဟီးရိုးဇာတ်ကောင်အသစ်ကို ပုံဖော်နေပြီး မကြာခင်အချိန်မှာ ရိုက်ကူးသွားဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။
View this post on Instagram
“ကျွန်တော့်အနေနဲ့ကတော့ အဲဒီလိုမျိုး အရှေ့တောင်အာရှကို ကိုယ်စားပြုတဲ့ စူပါဟီးရိုးဇာတ်ကောင်အသစ်ကို ပုံဖော်နေတာ ကြာပါပြီ။ အဲဒီစူပါဟီးရိုးနေရာမှာ ဘယ်သူ့ကို ထည့်သွင်းရိုက်ကူးပြီး အရှေ့တောင်အာရှရဲ့ ဘယ်လိုမျိုး ယဉ်ကျေးမှုတွေကို ထည့်သွင်းမလဲဆိုတာကို နည်းနည်းလေး စဉ်းစားနေတာပါ။ ကျိန်းသေတာတစ်ခုကတော့ အဲဒီလိုဇာတ်ကားထွက်လာရင် အရှေ့တောင်အာရှက Marvel ပရိသတ်တွေ လုံးဝစိတ်တိုင်းကျစေရမယ့် ဇာတ်ကောင်တစ်ကောင် ဖြစ်စေရမယ်ဆိုတာကိုတော့ လုံးဝအာမခံပါတယ်”လို့ Kevin က ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw