ရေကြီးနေတဲ့ နေရာတွေမှာ သွားရောက်ကူညီခဲ့တဲ့ ခင်ဝင့်ဝါ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိဖို့အတွက် အမြဲကြိုးစားနေတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခင်ဝင့်ဝါကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းဆောင်ရွက်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ခင်ဝင့်ဝါကတော့ လတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့ “တိမ်တိုက်တံတား” ဇာတ်ကားကြီးအတွက် အနုပညာလှုပ်ရှားမှုတွေကို ပြလုပ်နေတာဖြစ်ပါတယ်။

သူမကတော့ အနုပညာအလုပ်တွေမအားမလပ်တဲ့ ကြားကမှ ရေဘေးသင့်ပြည်သူတွေအတွက် အချိန်ပေးပြီး သွားရောက်ကူညီခဲ့ပါသေးတယ်။ ခင်ဝင့်ဝါကတော့ ရေဘေးသင့်နေရာတွေကို သွားရောက်ကူညီခဲ့တဲ့အကြောင်းကို “မနေ့က အလှူ “လို့ရေးထားပြီး သွားရောက်ခဲ့တဲ့ ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ခင်ဝင့်ဝါရဲ့ အလှူကို ပရိသတ်တွေ သာဓုခေါ်နိုင်ဖို့အတွက် အလှူပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Khin Wint Wah

SHARE