အောင်ဇဗ္ဗူဆရာတော် မွေးနေ့မင်္ဂလာအခမ်းအနားမှာ တွေ့ရတဲ့ ခင်ဝင့်ဝါ

ပရိသတ် အသဲကျော် မင်းသမီးချော ခေးလေး ခင်ဝင့်ဝါကတော့ အလှူရေစက် လက်နဲ့မပြတ်ဆိုတဲ့အတိုင်း အလှူအတန်းတွေကို အဆက်မပြတ်လုပ်နေခဲ့သူပါ။ သူမက ချစ်စရာကောင်းတဲ့မျက်နှာလေးအတိုင်း ကုသိုလ်ကောင်းမှုတွေကိုလည်း ဆက်တိုက်လုပ်နေခဲ့သလို အလှူပွဲတွေမှာလည်း ပါဝင်ခဲ့တာကိုလည်းတွေ့ရပါတယ်။

ခင်ဝင့်ဝါက ပြီးခဲ့တဲ့ ဧပြီလ (၂၉) ရက်နေ့မှာတော့ အောင်ဇဗ္ဗူဆရာတော် မွေးနေ့မင်္ဂလာအခမ်းအနားမှာလည်း မင်းသမီး သက်မွန်မြင့်နဲ့အတူ တွဲတွေ့ရပါတယ်။ သူမကလူမှုကွန်ရက်ပေါ်မှာ  အောင်ဇဗ္ဗူဆရာတော် မွေးနေ့မင်္ဂလာအခမ်းအနားပွဲတုန်းက လက်ကျန်ပုံရိပ်လေးတွေကို တင်ထားခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ ခေး နဲ့ ချစ်သက်တို့ရဲ့ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

source : Khin Wint War

SHARE