အသက်(၃၀)ပြည့်မွေးနေ့တုန်းက Kanye ပေးခဲ့တဲ့ လက်ဆောင်ကို ထုတ်ပြခဲ့တဲ့ Kim

[email protected])

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Kardashian မိသားစုရဲ့ သမီးကြီး Kim ရဲ့မွေးနေ့လေးပါတဲ့။ Kim Kardashian ဟာ အခုဆိုရင် အသက် ၄၀ ပြည့်သွားခဲ့ပါပြီ။ ခင်ပွန်းသည် Kanye West နဲ့အတူတူ သားသမီး ၄ ယောက်နဲ့ ပြီးပြည့်စုံလှတဲ့ ဘဝလေးကို ပိုင်ဆိုင်ရင်း ပျော်ပျော်ရွှင်အရွှင်ဖြတ်သန်းနေခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Kim Kardashian West (@kimkardashian)

အိမ်ထောင်သက် ၆ နှစ်ကျော်ရှိနေပြီဖြစ်ပေမယ့်လည်း Kanye West တစ်ယောက် အမျိုးသမီးရဲ့မွေးနေ့ပွဲမှာ အစားထိုးလို့မရနိုင်တဲ့ လက်ဆောင်တစ်ခုကို ပေးခဲ့ပါတယ်။ လက်တွဲဖော်တွေရဲ့ မွေးနေ့တွေမှာ လူချမ်းသာဆယ်လီတွေအများစုက တန်ဖိုးကြီးလက်ဆောင်တွေကိုပဲပေးလေ့ရှိကြပါတယ်။

 

View this post on Instagram

 

A post shared by Kim Kardashian West (@kimkardashian)

ဒါပေမဲ့ ဒီနှစ်မှာတော့ Kanye West တစ်ယောက် Kim ရဲ့မွေးနေ့ပွဲကို ပေးခဲ့တဲ့ လက်ဆောင်လေးကတော့ ဘယ်လိုမှ ပေးမယ်လို့ မမျှော်လင့ိထားသလို  တော်တော်လေးလည်း ချစ်ဖို့ကောင်းနေပါတယ်။ လက်ဆောင်လေးကတော့ ဒါလေးပါ။

READ
ရဲစခန်းသွားခဲ့ပြီးပါပြီလို့ ပရိသတ်တွေကို အသိပေးလိုက်တဲ့ ယုန်လေး

 

 

View this post on Instagram

 

A post shared by Kim Kardashian West (@kimkardashian)

မွေးနေ့ဆုတောင်းကတ်လေးမှာ ရိုးရိုးရှင်းရှင်းနဲ့ ဘယ်ဖက်မှာ သူကိုယ်တိုင် ပုံလေးတွေဆွဲပြီးတော့ တစ်ဖက်မှာတော့ နောက်ကျတဲ့ မွေးနေ့လက်ဆောင်အတွက် “Late is better than never!” ဆိုတဲ့ စာလေးနဲ့ အောက်မှာ ကဗျာလေးကိုရေးခဲ့တာပါ။

ကဗျာကတော့ Kim က သူ့ဘဝရဲ့ အရာအားလုံးပါပဲဆိုတဲ့ အဓိပ္ပာယ်လေး ပေါက်နေပါတယ်။ ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပေမယ့်လည်း ဒီလိုအိမ်ထောင်ရေးမျိုးတွေမှာ အများစုဟာ ချစ်ခြင်းမေတ္တာတရားတွေ၊ ချိုမြိန်တဲ့အမှတ်တရလေးတွေ ပျောက်ဆုံးနေတတ်ကြပါတယ်။ ဒါကို Kanye တစ်ယောက်က Kim ကို အိမ်ထောင်သက် ၆ နှစ်အကြာမှာ ပြန်ပေးခဲ့တာပါ။ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးပေါ့။

 

View this post on Instagram

 

A post shared by Kim Kardashian West (@kimkardashian)

penny

SHARE