အကြည့်တွေ အကုန်လုံးကို သိမ်းကြုံးလိုက်တဲ့ Kim Kardashian ရဲ့ ညှို့အားပြင်းဝတ်စုံ

TV Star တစ်ယောက်ဖြစ်တဲ့ Kim Kardashian ကတော့ Sexy အရမ်းကို ကျတဲ့ ဆယ်လီတစ်ယောက်ပါ။ ဖက်ရှင် အလန်းတွေ၊ Sexy ပုံစံတွေကိုပဲ အမြဲဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ ပြီးခဲ့တဲ့ ရက်တုန်းက ခင်ပွန်းဖြစ်သူ Kanye West နဲ့ လော့အိန်ဂျလိစ်မှာ ဒိတ်လုပ်ခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ သီးသန့် ဒိတ်လုပ်တဲ့ အချိန်လေးမှာတော့  သူမက တကယ့်ကို Sexy အရမ်းကျတဲ့ ညှို့အားပြင်းဖက်ရှင်ကို ရွေးချယ်ပြီး ၀တ်ဆင်လာခဲ့တာကို တွေ့ရပါတယ်။

thesun

အသက် (၃၇)နှစ်အရွယ် သူမ ရွေးချယ်လိုက်တဲ့ ဖက်ရှင်ကတော့ ငွေရောင် ဖက်ရှင်ပါ။ ငွေရောင် bodysuit နဲ့ အောက် ပိုင်းမှာတော့ သတ္တုစကပ်ကို ၀တ်ဆင်ထားပါတယ်။ Kanye က Kim ရဲ့ အ၀တ်အစား ရွေးချယ်မှုပိုင်းမှာ ပါဝင်ကူညီပေးတယ်လို့ သိရပါတယ်။Kim ကတော့ တိုပြီး အနက်ရောင်ဆံပင်တိုကို တပ်ထားပြီး နေကာမျက်မှန်ကို တပ်ထားပါတယ်။သူတို့စုံတွဲဟာ ကလေးတွေဆီကို ပြန်မသွားခင်မှာ ပါတီတစ်ခုမှာ အချိန်ကုန်ဆုံးခဲ့ပါတယ်။

READ
Kate Winslet အကြောင်း သင်မသိသေးတဲ့ အချက် ( ၉) ချက်
thesun
thesun
thesun

Kanye နဲ့ Kim တို့ဟာ (၂၀၁၅)မှာ လက်ထပ်ခဲ့ကြတာပါ။လက်ထပ်ပြီးနောက်ပိုင်းက စလို့ Kim ရဲ့ ဖက်ရှင်တွေဟာ တမူထူးခြားတဲ့ ဖက်ရှင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ Kim က အသက်(၄၁)နှစ်အရွယ် Kanye နဲ့ စတွေ့ တုန်းက သူမရဲ့ ၀တ်ပုံစားပုံကို သဘောမကျခဲ့ကြောင်း၊ အဆိုးရွားဆုံးစတိုင်လ်ပဲ ဆိုပြီး နောက်ပြောင်တဲ့ အထိ တောင် လုပ် ခဲ့တယ်လို့ သိရပါတယ်။ Kim က သူက တကယ်တော်ပါတယ်..ကျမရဲ့ ဗီဒိုတစ်ခုလုံးကိုလဲ သန့်ရှင်း ပေးတယ် ဆိုပြီး ပြောခဲ့ပါတယ်။ သူမမှာ ရှူးဖိနပ်တင်ပဲ အစုံ(၂၅၀)လောက်ရှိကြောင်း၊ အားလုံးကို ထုတ်ပြီး သန့်ရှင်းပြီးချိန် မှာတော့ နော က်ဆုံးနှစ်စုံသာ ကျန်တော့ကြောင်း၊ အမျိုးသားဖြစ်သူက ဒီလိုတွေ လုပ်တာဟာ သူမကို ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သင်ပေးချင်လို့ လုပ်တာလို့ Kim ကပြောပါတယ်။ Kim က သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ရေမွှေးကို ဖြန့်ချီပြီး နောက် ငါးမိနစ်အတွင်း ငါးသန်းရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက်မှာပဲ နှစ်ယောက်သား အခုလို အပြင် ထွက် ဒိတ်လုပ်ခဲ့တာပါ။

READ
နာမည်မကြီးခင်ငယ်ဘဝက သူတို့တွေရဲ့မှတ်တမ်းဓာတ်ပုံများ
thesun
thesun

Source thesun

SHARE