Kardashianတွေ ဆိုတာကတော့ မိတ်ဆက်ပေးစရာ မလိုလောက်အောင် ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့
မိသားစု တစ်ခုဖြစ်ပါတယ်။ Kardashianတွေကြီးပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မအေတူ ဖအေကွဲ
ဖြစ်တဲ့ Jenner အုပ်စုကလည်း နာမည်ကြီးပါတယ်။ ဒါ့ကြောင့်သူတို့ကို Kardashian-Jenner Machine
လို့တောင် မီဒီယာတွေက ခေါ်ကြပါတယ်။
ဒီမိသားစုကြီးတစ်ခုလုံးက စည်းမျဉ်းတွေကို သူတို့ရဲ့မိခင် Kris Jenner (အရင်တုန်းက Kris Kardashian)
က အုပ်ချုပ်နေတာ မဟုတ်ပါဘူးလို့ Kim Kardashian ကငြင်းဆိုလိုက်ပါတယ်။ “Kris Jennerက တစ်မိ
သားစုလုံးကို ဟိုဟာလုပ်ဒီဟာလုပ် ထိန်းချုပ်နေတယ်လို့ ကြားလိုက်တိုင်း ရယ်ချင်မိပါတယ်။ သူတို့မသိတာ
က ကျွန်မက အုပ်ချုပ်နေတာပါ။ Kendall နင်ဒီဟာလုပ် Kylie နင်ဒီဟာလုပ်လို့ပြောနေတာ ကျွန်မပါ။” လို့
ဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့လအနည်းငယ်က Kim ထုတ်လုပ်ခဲ့တဲ့ App ကအရမ်းကို အောင်မြင်ခဲ့ပါတယ်။ ထိုApp မှတစ်ဆင့်
Kim ရဲ့ သတင်းတွေ၊ Kim ရဲ့ပုံတွေကို Subscribeလုပ်နိုင်မှာ ဖြစ်ပါတယ်။ Editorialis Magazineမှာတော့
အနက်ရောင် ရေကူးအင်္ကျီနဲ့ Sexy ကျကျ ပုံတွေကို ရိုက်ပေးခဲ့ပါတယ်။ “မဂ္ဂဇင်းတွေကနေ ဒစ်ဂျစ်တယ်မီဒီ
ယာဘက်ကိုပြောင်းလဲနေပါပြီ။ ဒါကိုလည်း အစကတည်းက မြင်ခဲ့ပါတယ်။ ကျွန်မရဲ့အကြောင်းတွေပြောပြ
ဖို့ ကျွန်မရဲ့ ဖက်ရှင်ပုံတွေ ပြသဖို့ ကျွန်မရဲ့ အလှအပလျှို့ဝှက်ချက်တွေ ပြောပြခြင်း အားဖြင့် ကျွန်မပိုက်ဆံရှာ
ချင်ပါတယ်။ မဂ္ဂဇင်းတွေနဲ့ အင်တာဗျူးတွေ အများကြီးလုပ်နေပေမယ့် သူတို့တွေက ကျွန်မပြောတာကို
ကျွန်မဆိုလိုတာကို တစ်ခါတစ်လေ မရေးပါဘူး။ ကျွန်မအကြောင်း ပြောနေတယ်လို့ မခံစားမိပါဘူး။”လို့
ဆိုခဲ့ပါတယ်။
Myanmar Online Media
Source: mirror