အာရှရဲ့ Kim Kardashian ဆိုပြီး နာမည်ကြီးနေတဲ့ Bling Empire ထဲက Kim Lee

Instagram- @kimlee

Netflix ကနေပြီး ပြီးခဲ့တဲ့ လတုန်းကမှ ထုတ်လွှင့်ပြသခဲ့တဲ့ Bling Empire ကိုကြည့်တဲ့လူတွေ ရှိလားမသိဘူး။ Bling Empire ဟာ အာရှရဲ့ ဒိတ်ဒိတ်ကြဲချမ်းသာပြီးတော့ US မှာ အခြေချနေထိုင်နေကြတဲ့ aisan တွေအကြောင်းကို ရိုက်ကူးထားခဲ့တာပါ။ ဒါကိုကြည့်ရင် Crazy Rich Asians ရုပ်ရှင်ဟာ စိတ်ကူးယာဉ်ရိုက်ကူးထားတာမဟုတ်ဘူးဆိုတာ သိသွားပါလိမ့်မယ်။

လက်တလော ဒီ Bling Empire ထဲမှာ အရမ်းကိုနာမည်ကြီးနေတဲ့သူတစ်ယောက်ရှိနေပါတယ်။ အာရှရဲ့ Kim Kardashian ဆိုပြီးတော့တောင် ပြောနေကြတာပါ။ ဒီတော့ သူဟာဘယ်သူများလဲ၊ ဘယ်လိုမျိုးတွေကြောင့် ချမ်းသာလာသလဲဆိုတာ ကြည့်လိုက်ရအောင်။

 

View this post on Instagram

 

A post shared by ᴋɪᴍ ʟᴇᴇ (@kimlee)

သူ့နာမည်ကတော့ Kim Lee ပါ။ အာရှရဲ့ Kim Kardashian အဖြစ် ကျော်ကြားလျက်ရှိနေပါတယ်။ ပိုင်ဆိုင်မှုတန်ကြေးကတော့ ဒေါ်လာ ၁၀ သန်းပါ။ ၁၉၈၈ ခုနှစ်ဖွားဖြစ်တာကြောင့် ငယ်သေးတယ်လို့ဆိုရမှာပါပဲ။

သူမအနေနဲ့ ပထမဆုံး မော်ဒယ်အဖြစ်အနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ မိခင်ဟာ ဗီယက်နမ်ကလာပေမယ့်လို့ သူမကိုတော့ ကယ်လီဖိုးနီးယားမှာ မွေးဖွားခဲ့တာပါ။ ဖခင်ကတော့ ပြင်သစ်လူမျိုးပါ။ မော်ဒယ်လောကထဲရောက်လာတယ်ဆိုတာလည်း စစချင်း Kim Lee အနေနဲ့ မော်ဒယ်အေဂျင်စီမှာ အလုပ်သင်အနေနဲ့ ဝင်ရင်း အေဂျင်စီဖက်က သူမကို ဝန်ထမ်းအဖြစ် ခေါ်မယ့်အစား မော်ဒယ်အဖြစ် တစ်ခါတည်း စာချုပ်ချုပ်လိုက်ခဲ့တာပါ။

 

View this post on Instagram

 

A post shared by ᴋɪᴍ ʟᴇᴇ (@kimlee)

၂၀၀၆ ခုနှစ်မှာလုပ်ခဲ့တဲ့ ပဲရစ်မြို့က Emanuel Ungaro and Marti Grant ဖက်ရှင်ရှိုးတွေမှာ ပါဝင်ခွင့်ရခဲ့တဲ့လူလည်းဖြစ်ပါတယ်။ Hangover 2 မှာလည်း ပါဝင်ခဲ့ဖူးတဲ့ Kim Lee ဟာ ၂၀၁၁ ခုနှဟ်ရဲ့ အမျိုးသားမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ FHM မှာ ကမ္ဘာ့ဆက်စီအကျဆုံးအမျိုးသမီးအဖြစ် ဖော်ပြခြင်းခံခဲ့ရပါသေးတယ်။

 

View this post on Instagram

 

A post shared by ᴋɪᴍ ʟᴇᴇ (@kimlee)

အဲဒီနောက်ပိုင်း မဂ္ဂဇင်းတွေနဲ့ကြော်ငြာတွေ တောက်လျှာက်ရိုက်၊ ဗီဒီယိုလေးတွေထဲလည်း ပါဝင်ခဲ့ပီးတော့ LA က DJ သင်တန်းကျောင်းဖြစ်တဲ့ Scratch မှာ DJ ပညာကို သင်ယူရင်းနဲ့ တကယ်တော်တဲ့ အမျိုးသမီး DJ တစ်ယောက်ဖြစ်လာခဲ့တာပါတဲ့။ သူမအနေနဲ့ အခုလိုအောင်မြင်ဖို့ မိခင်ဖြစ်သူရဲ့ ထောက်ပံ့မှုတွေ အများကြီးပါဝင်နေပါတယ်တဲ့။

 

 

View this post on Instagram

 

A post shared by ᴋɪᴍ ʟᴇᴇ (@kimlee)

Kim Lee ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ lifestyle ကိုတော့ Bling Empire မှာ မြင်တွေ့ရမှာပါ။

 

View this post on Instagram

 

A post shared by ᴋɪᴍ ʟᴇᴇ (@kimlee)


penny

SHARE