ဒီနေ့ခေတ်မျိုးဆက်ရဲ့ အလှပဂေးလေးတွေလို့ တင်စားခံနေရတဲ့ သူတို့ နှစ်ဦး

IG/kimsohyunstayfines

Kim Yoo Jung နဲ့ Kim So Hyun တို့ကတော့ သူတို့ရဲ့ ရုပ်ရည်နဲ့တင် ကျော်ကြားမှုတွေ ရှိနေတဲ့သူတွေ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကနေ ကြီးပြင်းလာတဲ့ သူတို့နှစ်ဦးက အခုဆို လှပမှုတွေက ပိုပြီး ထင်ရှားလာနေတာ ဖြစ်လို့ ဒီနေ့ခေတ်မျိုးဆက်ရဲ့ အလှပဂေးတွေလို့တောင် ခေါ်ဝေါ်နေကြတယ်လို့ koreaboo ကနေ ဖော်ပြထားခဲ့ပါတယ်။

Kim Yoo Jung

သူမရဲ့ မွေးနေ့ကတော့ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်လောကထဲကို စတင် ပွဲဦးထွက်ခဲ့တဲ့ နှစ်ကတော့ ၂၀၀၃ ခုနှစ် ဖြစ်ပါတယ်။ သူမ အသက် ၄ နှစ် အရွယ်တည်းက သူမက ပရိသတ်တွေက အကြိုက်တွေ့ပြီး တောင်းဆိုမှု အများဆုံး ကလေးသရုပ်ဆောင် ဖြစ်ခဲ့တာပါ။ ငါးတန်းရောက်တဲ့အချိန်မှာတော့ သူမက ဇာတ်လမ်းတွဲ ၁၃ ခုနဲ့ ရုပ်ရှင် ၁၅ ကားမှာ ပါဝင်ခဲ့ပြီးသွားပါပြီ။ ဒါကြောင့် သူမကို မသိတဲ့သူဆိုတာ တောင်ကိုရီးယားမှာ အတော့်ကို ရှားပါတယ်။

 

မကြာသေးခင်ကပဲ Backstreet Rookie ဆိုတဲ့ ဇာတ်လမ်းနဲ့ သူမရဲ့ အလှတွေ၊ သရုပ်ဆောင် ပိုင်နိုင်မှုတွေကို ထပ်တွေ့ခဲ့ကြပါသေးတယ်။ အသက် ၂၁ ပဲ ရှိနေသေးလို့  ပိုပိုပြီး လှလာဦးမယ့် ကောင်မလေးပဲ ဖြစ်ပါတယ်။

READ
အခြေခံသတင်းစာပညာသင်တန်းမှာ ပါဝင်ကူညီပေးခဲ့တဲ့ ဒေါင်း

 

Kim So Hyun

လှပမှုတွေနဲ့ နာမည်ကြီးတဲ့ နောက်တစ်ယောက်ကတော့ Kim So Hyun ပါပဲ။ သူမကလည်း ၁၉၉၉ ခုနှစ်ဖွား တစ်ယောက် ဖြစ်ပါတယ်။ ဇွန်လ ၄ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူမကလည်း ကလေးသရုပ်ဆောင် အဖြစ် နာမည်ကြီးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

 

၂၀၀၆ မှာ ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့ပြီး ဆယ်ကျော်သက်ဘဝမှာတော့ Kim Yoo Jung နဲ့အတူ တွဲဖက် သရုပ်ဆောင်ရင်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ Love Alarm, Who are you: School 2015 မှာလည်း သူမရဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ချောမောတဲ့ ရုပ်ရည်ကပါ နာမည်ကြီးလာခဲ့ပါတယ်။

READ
ဂေဟာကို Pitbull ခွေးလေးကို မွေးစားခွင့်ရခဲ့လို့ အပျော်ကြီး ပျော်နေတဲ့ Jonah Hill

 

 

View this post on Instagram

 

좋아하면 울리는♥️ 김조조 #lovealarm #netflix #netflixkr #jojo

A post shared by 김소현 (@wow_kimsohyun) on

ဒီလိုမျိုး ငယ်ဘဝတည်းက အရည်အချင်း ရှိရှိ ရပ်တည်လာတဲ့ သူတို့ နှစ်ဦးကတော့ ကြီးလေ လှလေ ဖြစ်နေတာမို့ ဒီနေ့ခေတ်ရဲ့ အလှပဂေးလေးတွေလို့ တင်စားတာ လုံးဝ မမှားပါဘူးနော်။ အောင်မြင်မှုတွေရော အလှတွေရော ပိုပိုပြီး တိုးလာပါစေနော် အသည်းလေးတို့ရေ….။

Kham

 

SHARE