ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် ကျောက်ကပ်အလှူရှင် လိုအပ်နေတဲ့ ကစ်ကစ်

ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကစ်ကစ်ကတော့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေကနေ အနားယူထားတာ အတော်လေးကြာနေပြီဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ ကျန်းမာရေး အခြေအနေ ပြန်လည်ပြီး ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။ ကစ်ကစ်ရဲ့ ဆိုးရွားလာတဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ရင်းနှီးသူ အသိုင်းအဝိုင်းကတော့ အခုလိုပဲ ဖေစ်ဘုတ်ပေါ်မှာ ရေးသားပြီးတင်ထားတာဖြစ်ပါတယ်။

ကစ်ကစ်ကတော့ကျောက်ကပ်လည်းဆေးချင်တယ်…ကျောက်ကပ်လှူပေးမယ့်သူခွဲတာစိတ်တာတွေလှူပေးမယ့်အလှူရှင်ရှိမယ်ဆိုရင်သူ့ကျောက်ကပ်ကိုသူအစားထိုးချင်ပါတယ်တဲ့…သူ့သမီးလေးဘဝရှေ့ရေးကရှိသေးတယ်…သူ့ကိုအားပေးချစ်ခင်ကြတဲ့ ပရိတ်သတ်ကြီးကိုလည်းဟာသတွေနဲ့ဖျော်ဖြေချင်ပါသေးတယ်တဲ့..လောလောဆယ်မှာတော့ ကျောက်ကပ်အစားထိုးဖို့ဆိုတာ မလွယ်ကူတဲ့အတွက်ကြောင့် ကျောက်ကပ်ဆေးနိုင်ဖို့ကို အလှူရှင်တွေ လိုအပ်နေပါတယ်လို့ လည်း  သိရပါတယ်။

ကစ်ကစ်တစ်ယောက် အမြန်ဆုံး ပြန်လည်နေကောင်းကျန်းမာလာဖို့အတွက် ဆုတောင်းပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။ အလှူရှင်တွေ အများကြီး ပေါ်လာအောင် ဒီသတင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။

Source:Minn Ko

SHARE