ခရစ္စမတ်ရာသီနီးကပ်လာတာနဲ့အမျှ တိရစ္ဆာန်လေးတစ်ကောင်ဟာ ပွဲတော်ကိုမျှော်လင့်တောင့်တနေပါပြီ။ သြစတေးလျမှာပဲမြင်နိုင်မယ့် ဒီမြင်ကွင်းလေးမှာတော့ ချစ်စရာကိုအာလာလေးတစ်ကောင်ဟာ Amanda McCormick ဆိုသူရဲ့အိမ်ထဲကို မထင်မှတ်ဘဲရောက်လာခဲ့တာ ဖြစ်ပါတယ်။
၎င်းကိုအာလာလေးဟာ အိမ်ထဲမှာရှိတဲ့ ခရစ္စမတ်သစ်ပင်ဆီ တွယ်တက်နေခဲ့တာဖြစ်ပြီး အလှဆင်ပစ္စည်းတွေကြား ပုန်းခိုနေခဲ့တာဖြစ်ပါတယ်။ ကိုအာလာရန်ပုံငွေအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ 1300Koalaz ကတော့ သူတို့ကို Amanda တို့အိမ်က ဖုန်းဆက်ပြီးဝက်ဝံလေးကို လာခေါ်ဖို့ပြောတော့ သူတို့ကိုနောက်တယ်ပဲထင်ခဲ့မိကြောင်း ပြောပြပါတယ်။
View this post on Instagram
“ဒါပေမဲ့.. မဟုတ်ပါဘူး။ ကိုအာလာလေးက ခရစ္စမတ်ပွဲတော်ကို သူပါ ပါဝင်ဆင်နွှဲချင်တာပါ။ ဒါကြောင့်မို့ Amanda ရဲ့ အိမ်ထဲလျှောက်သွားပြီး ခရစ္စမတ်သစ်ပင်လေးတွေ့တော့ နတ်ကလေးလုပ်လိုက်တာနေမှာ။” လို့ 1300Koalaz အဖွဲ့က ဆိုပါတယ်။ “Amanda က သူသေချာမသိဘူးလေ။ ဒါကြောင့် 1300Koalaz ကိုဖုန်းဆက်အကူအညီတောင်းတာပေါ့။”
ခရစ္စမတ်သစ်ပင်နှစ်သက်လွန်းတဲ့ ကိုအာလာလေးကိုတော့ အဆိုပါအဖွဲ့က သစ်ပင်ပေါ်ကဖမ်းပြီး Coromandel Valley နားက တောအုပ်ထဲလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကိုအာလာလေးကို မကယ်ထုတ်ခင် သူခရစ္စမတ်သစ်ပင်ပေါ်ရိုက်နေတုန်း ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံလေးကတော့ အွန်လိုင်းမှာပြန့်နှံ့လျက်ရှိပြီး အားလုံးက သူ့အတွက် ခရစ္စမတ်ဆုမွန်ကောင်းတောင်းပေးလျက်ရှိကြောင်း news.com.au သတင်းစာမျက်နှာအရ သိရပါတယ်။
View this post on Instagram
ShweMom