အနုပညာလက်ရာဖန်တီးမှုတွေ အများကြီးထဲကမှ ဒီတစ်ခါ မှာတော့ ထူးထူးခြားခြား ဖန်တီးမှု တစ်ခု အ ကြောင်းကို ဖော်ပြထားပါတယ်။ရုပ်လုံး ပေါ် အောင် ဖြတ် ထားတဲ့ စက္ကူ ရုပ်တွေနဲ့ နောက်ခံ သဘာဝ အလှတို့ ကို ပေါင်းစပ် ဖန်တီးမှု ပါ။ဂျပန် Artist တစ်ယောက် ဖြစ်တဲ့ Kotetsu က နေ ဒါကို ဖန်တီး ခဲ့တာပါ။ illustration photography နဲ့ kirie(ဂျပန်ရိုးရာ စက္ကူဖြတ်)တာကို ပေါင်း စပ် ခဲ့တာပါ။လက်ရာတွေကို တော့ စုပေါင်းပြီး Kotetsu ဆိုတဲ့ Instagram အကောင့်မှာ ဖော်ပြထားပါတယ်။ဒီအကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားပါတယ်။
View this post on Instagram
View this post on Instagram
နောက်ခံကို တခြားတမင်ဖန်တီး ထားတဲ့ နောက်ခံ တွေ အစား သဘာဝ အလှကို ပဲ သုံးချင် လို့ ဒီနည်းကို သုံးခဲ့တာပါ။ရလဒ် ကလည်း ကျေနပ် လောက် စရာ ရလဒ် ကို ရခဲ့ပါတယ်။ဆောင်းဦးရာသီ သစ်ရွက်တွေ၊ပန်းခင်းတွေ၊နေ၀င်ချိန်၊ည ဘက် ကောင်းကင် ကြီး.. အစရှိတဲ့ ပတ်ဝန်းကျင် နေရာ တွေကို နောက် ခံ ထားပြီး ပြောင်မြောက် တဲ့ လက်ရာ တွေကို ပေါင်း စပ် ဖန်တီး ပြခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
Kotetsu က တော့ anime အမျိုးသမီး ဇာတ်ကောင် ပုံစံ တွေကို အရင် စ ပြီး ဖန်တီးခဲ့တာပါ။အဖြူရောင် စက္ကူ ပြားကို အနက်ရောင် Outline ပေး ပြီး၊ အသေးစိတ် ကာလာ ချယ် ခဲ့ပါတယ်။မျက်လုံးဆို မျက်လုံး၊ဆံပင်ဆိုဆံပင် နဲ့ တခြား လိုအပ် တဲ့ အဆင် တန်ဆာ တွေ ကို သေချာ ဖန်တီးခဲ့တာပါ။ပြီး ရင် တော့ သေချာ ဖြတ်ထုတ် ခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
လက်ရာ တွေက တော့ ဖျတ် ခနဲ ကြည့်လိုက်ရင် အရမ်း ရိုးလွန်းတယ်လို့ ထင် ကောင်းထင် နိုင်ပါတယ်။သူ့လက်ရာတွေ ရဲ့တ ကယ့် အသက်က နောက်ခံ တွေ နဲ့ ပေါင်း စပ် ကြည့်မှ ပေါ်တာ မျိုးပါ။ Kotetsu က တော့ ၂၀၁၈ လောက် တုန်းကလည်း နာမည်ကြီးခဲ့ဖူးပါတယ်။အဲ့ဒီ တုန်းက ဂျပန် သတင်း ၀ဘ် ဆိုက် SoraNews24 မှာ သူလက်ရာ တွေ အ ကြောင်းကို ဖော်ပြခဲ့ဖူးပါတယ်။
View this post on Instagram
View this post on Instagram
#SHWEMOM