Single Mother တွေအတွက် အလှူအတန်းပြုခဲ့ကြတဲ့ Kpop အနုပညာရှင်များ

Womanstalk ကုမ္ပဏီနဲ့ BNT မဂ္ဂဇင်းတို့ဟာ single mother တွေကို ကူညီဖို့အတွက် အွန်လိုင်းဈေးရောင်းပွဲတော် ကျင်းပမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ kpopအနုပညာရှင် (၂၀၀)ကျော်ကတော့ ဒီပွဲအတွက် သူတို့ရဲ့ အကြိုက်ဆုံးပစ္စည်းတွေကို လှူဒါန်းသွားခဲ့ပါတယ်။ ရရှိလာတဲ့ အကျိုးအမြတ်တွေအားလုံးကိုလှူဒါန်းသွားမှာပါတဲ့။

Big Bang အဖွဲ့ရဲ့ G-Dragon နဲ့ ဆန်းရီ၊ Exo ရဲ့ ရှုးမင်၊ Girls’ Generation ရဲ့ ဟိုယွန်း၊ ဆွန်းမီ၊ ချောင်းဟ၊ Gfriend အဖွဲ့ဝင်များ၊ Ha Ha၊ Nu’estအဖွဲ့ဝင် ဂျေအာနဲ့ရန်တို့အပြင် အနုပညာရှင်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။

ဒီဈေးပွဲတော်ဟာ ဒီဇင်ဘာ(၁)ရက်နေ့မှာ စတင်မှာဖြစ်ပြီး အနုပညာရှင်တွေရဲ့ပစ္စည်းတွေကို ၀ယ်ယူမယ့်သူတွေကတော့ နိုဝင်ဘာလကတည်းက ကြိုတင်စာရင်းပေးထားရမှာဖြစ်ပါတယ်။ လေလံစနစ်နဲ့ဝယ်ယူရမှာဖြစ်ပြီး ဈေးတွေကတော့ (၀.၀၀၈၉) ဒေါ်လာကနေ (၂၆၈)ဒေါ်လာအထိရှိပါတယ်တဲ့။

READ
မြင်သူတကာအကြည့်မလွှဲနိုင်လောက်အောင် လှလွန်းနေတဲ့ နော်ဖောအယ်ထား

Womanstalk ကတော့ အနုပညာရှင်တွေရဲ့အကူအညီနဲ့ single mother တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ကူညီနိုင်မှာဖြစ်လို့ ပိုပြီးတော့ ထူးခြားတဲ့ပွဲလေးဖြစ်မှာပါလို့ ပြောခဲ့ပါတယ်။ ဒီပွဲကနေတစ်ဆင့် single mother တွေကို ကူညီဖို့ လူတွေစိတ်ဝင်စားလာစေဖို့နဲ့ ပတ်ဝန်းကျင်မှာ အချင်းချင်း ဝေငှတတ်စေဖို့ ရည်ရွယ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Wint(Shwemom)

Source: Soompi

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE