ခင်ပွန်းဖြစ်သူကို ချီးကျူးစကားဆိုလိုက်တဲ့ ကြာစိရဲ့ ဇနီးသည်

ကြာစိကတော့ ဟာသလူရွှင်တော် အဖြစ် ပရိသတ်တွေကြားမှာနာမည်ကြီးသူပါ။နာမည်ကြီးလူရွှင်တော်အဖွဲ့ 5 Star ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပရိသတ်လက်ခံအားပေးမှုကို ရခဲ့သူပါ။သဘင်သည်လောကမှာရော အခုဆို ရင်တော့ သ ရုပ်ဆောင်လောကမှာပါ အောင်မြင်မှုရနေတဲ့ ကြာစိကတော့ အခုဆိုရင် ချစ်စရာ သမီးချောလေး တစ်ယောက်ကိုပါ ပိုင်ဆိုင်နေပါပြီ။

ကြာစိကတော့ ခင်ပွန်းတာဝန်ရော ဖခင်တာဝန်ကိုပါ အပြည့်အ၀ ထမ်းဆောင်နေပါတယ်။အလုပ်နဲ့ လက်နဲ့ မပြတ်ပဲ အိမ်ထောင်ဦးစီးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေတဲ့ ကြာစိကို သူ့ရဲ့ ဇနီးဖြစ်သူက Fb မှာ အခုလို ချီးကျူး ထားပါတယ်။

“မိုးလင်းတာနဲ့ ​ဖေ​ဖေစိ တစ်​​ယောက်
အလုပ်​နဲ့လက်ပျက်​တယ်​မရှိ…….
Baby​လေး အနှီး​တွေ မီးပူတိုက်​……..
ညဘက်​ဆိုလည်း က​လေးလှုပ်​တာနဲ့
ဖေ​ဖေစိ နိုးပြီ က​လေးငိုလည်း သူ့အလုပ်​……
ကျေးဇူးပါ ကို​ကို​ရေ…….
အိမ်​​ထောင်​ဦးစီး တစ်​အိမ်​လုံးအတွက်
ပြည့်​စုံ​အောင်​ ရှာ​ဖွေ​ကျွေး​မွေး……
အလုပ်​နားရက်​ ဆို ​အေး​ဆေးအနားယူပါ
ပြောတဲ့ အခါတိုင်း နားတဲ့ရက်​​လေး လုပ်​​ပေးရတာ
ဆိုပြီး ထမင်းဟင်းကအစချက်​​ကျွေး
အိမ်​တံမြတ်​စီးလှည်းတာကအစ


က​လေး​ဝေယျာ​ဝေစ္စအကုန်
ဖြိုးအတွက်​ ထမင်းက အစပြင်​ဆင်​ခူးခပ်​​ကျွေးသူ
မိသားစုအ​ပေါ် တာဝန်​​ကျေလွန်းသူ……
မာန်​မာနဆိုတာ မရှိ….
မိသားစုအတွက်​ အမြဲလို
လောင်​ကျွမ်းခံပြီး အလင်း​ပေးသူ…..
သား​သမီးများအတွက်​ မိသားစုအတွက်
အမြဲ ​ပေးဆပ်​ရင်း​ပျော်​​နေတက်​သူ….ကိုကို
အရာအားလုံး အတွက်​ ​ကျေးဇူးတင်​ပါတယ်​​နော်​…..”  ဆိုပြီး တင်ထားပါတယ်။

 

READ
Collarbone လှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ မြန်မာဆယ်လီ (၁၂) ယောက်

Source ကြာစိ၊ကြာစိရဲ့ ဇနီးသည်

SHARE