Kylie Jenner ကို အမိုက်စားမွေးနေ့လက်ဆောင်ပေးလိုက်တဲ့ Travis Scott

Kylie Jenner ကတော့ သြဂုတ်လ(၁၀)ရက်နေ့က အသက် (၂၁)နှစ်ပြည့်သွားခဲ့သူပါ။ သူမဟာ နာမည်ကြီးအမေရိကန် reality television personality၊ မော်ဒယ်၊ စွန့်ဦးတီထွင်သူ တစ်ယောက်ပါ။ သူမရဲ့ မွေးနေ့မနက်ခင်းမှာတော့ လက်ဆောင်တွေက အသင့်စောင့်ကြိုနေခဲ့ပါတယ်။ Rolls Royce ကားကုမ္ပဏီ အပါအ၀င် ကုမ္ပဏီတွေ အများကြီးဆီကနေ လက်ဆောင်တွေ အများကြီးရခဲ့ပါတယ်။ မွေးနေ့ပါတီညကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညက West Hollywood မှာရှိတဲ့ Delilah စားသောက်ဆိုင်မှာလုပ်ခဲ့ပါတယ်။

Kylie Jenner ကတော့ တွစ်တာစာမျက်နှာပေါ်မှာ သူမရဲ့ ဒီကနေ့ (တစ်နေ့) မိတ်ကပ်ရောင်းရငွေကို Habitat LA organization သို့ လှူဒါန်းမယ့် အကြောင်းကို ပြောပြခဲ့ပါတယ်။ “ကျမရဲ့ မွေးနေ့ အတွက် ဒီကနေ့ KylieCosme tics.com ကနေ ရောင်းချရတဲ့ ငွေကြေးအချို့ကို HabitatLA အဖွဲ့အစည်းကို လှူဒါန်းသွားမယ်..ဒီအဖွဲ့အစည်းက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မပြည့်စုံတဲ့ အိမ်ထောင်စုတွေကို အိမ်ယာထောက်ပံ့ ကူညီပေးနေတာပါ..” ဆိုပြီး တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ လူတိုင်း အိမ်လို့ခေါ်တဲ့ နေစရာ နေရာတစ်ခုရဖို့ ထိုက်တန်ကြပါတယ်..” ဆိုပြီးတော့လဲ Kylie ကပြောခဲ့ပါတယ်။ Refinery29 ရဲ့ ဖော်ပြချက်အရ (၂၀၁၇)တုန်းကတောင် သူမရဲ့ birthday collection ရောင်းအားတစ်ခုတည်းကနေ  ကန်ဒေါ်လာ(၁၀)သန်းကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

READ
လုပ်ငန်းခွင် ၀င်နေတဲ့ အမျိုးသမီးတိုင်း မဖြစ်မနေ ကြည့်သင့်တဲ့ Bombshell ဇာတ်ကား

 Kylie ရဲ့ လှူဒါန်းမှုအပေါ် အဖွဲ့အစည်းဘက်ကနေ ကျေးဇူးတင်ကြောင်း ပြန်တုံ့ပြန်ခဲ့ပါတယ်။ အခုလို ကူညီပံ့ပိုးပေးမှုအတွက် ကျေးဇူးတင်ကြောင်း၊ ကြိုးစားနေတဲ့အိမ်ထောင်စုတွေအတွက် အများကြီး အကူအညီဖြစ်စေမှာပါဆိုပြီး ပြန်တုံ့ပြန်ခဲ့ပါတယ်။ Kylie ကတော့ မွေးနေ့မှာရခဲ့တဲ့ အမိုက်စားလက်ဆောင်တွေကို ထုတ်ပြခဲ့ပါတယ်။ သူမရလိုက်တဲ့ လက်ဆောင်တွေထဲကမှ အကောင်းဆုံးလက်ဆောင်ကတော့ သူမရဲ့ ချစ်သူ Travis Scott ဆီကနေရခဲ့ပါတယ်။ သူမရလိုက်တာကတော့ 1950s Rolls Royce ကားတစ်စီးပါ။ တန်ဖိုးကတော့ model အမျိုးအစားနဲ့ ၀ယ်ယူသူအလိုကျလုပ်ထားတဲ့ အပေါ်မှာ မူတည်ပြီး ကန်ဒေါ်လာ ($25,000  ကနေ  $300,000) အထိ ရှိနိုင်ပါတယ်။ Travis ကတော့ အနီရောင်နှင်းဆီရာပေါင်းများစွာနဲ့လည်း သူမကို surprise လုပ်ခဲ့ပါသေးတယ်။ သူမရဲ့ အိမ်နားက မြက်ခင်းမှာ ပန်းတွေအများကြီးနဲ့ အလှဆင်ပေးခဲ့သလို ပန်းစည်းလက်ဆောင်လည်း ပေးခဲ့ပါတယ်။ ရိုမန်တစ်လည်း ဆန်သလို လက်ဆောင်ကလည်း တန်ဖိုးကြီးလက်ဆောင်ကို ပြင်ပေးခဲ့တာပါ။

တခြားတန်ဖိုးကြီးလက်ဆောင်အနေနဲ့ကတော့ သုံးဘီးပါ မော်တော်ဆိုင်ကယ်ပါ။ Spyders ကနေ ထုတ်တဲ့ မော်ဒယ် အမျိုးအစားတွေကတော့ အများကြီးပါ။ F3, the F3-S sports cruiser, the Spyder F3-T နဲ့ the Spyder F3 Limited တို့ပါ။Kylie ရလိုက်တာကတော့ F3-S sports cruiser လို့ ယူဆရပြီး ဈေးနှုန်းကတော့ ($21,299) လောက် ရှိပါတယ်။

READ
သူငယ်ချင်းစိုင်းစိုင်းခမ်းလှိုင် ယနေ့အထိ အောင်မြင်နေရတဲ့အကြောင်းကို ပြောလိုက်တဲ့ စမိုင်း

A post shared by Kylie Jenner (@kyliesnapchat) on Aug 11, 2018 at 11:01am PDT

Source dailymail

SHARE