ကြွေလွင့်သွားပြီဖြစ်တဲ့ Talk Show တို့ရဲ့ ဘုရင်ကြီး Larry King

Facebook- Larry King

Larry King ဆိုတာ CNN ရဲ့ နာမည်ကျော် host တစ်ယောက်ဖြစ်ပါတယ်။ Talk show တို့ရဲ့ ဘုရင်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့သူပေါ့။

CNN ရဲ့ “Larry King Live” ဆိုတဲ့ အစီအစဉ်မှာ ၂၅ နှစ်ကြာအောင် ဆောင်ရွက်ခဲ့တာပါ။ ဒီအစီအစဉ်ဟာ သာမန် talk show လိုမျိုး နာမည်ကြီး ဆယ်လီတွေကို ဖြစ်ကတတ်ဆန်း အင်တာဗျူးရင်းစကားပြောတဲ့အစီအစဉ်တစ်ခုမဟုတ်ပါဘူး။ Larry King Live မှာ ဖိတ်ခေါ်ခံရတဲ့ လူဆိုရင် ဂုဏ်ယူရတယ်ဆိုရလောက်အောင်လို့ အောင်မြင်ကျော်ကြားတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Larry King (@larrykingnow)

ဘာကြောင့်လဲဆိုတော့  အနုပညာရှင်တွေအပြင်ကိုမှ ဒီမှာ အားကစားထူးချွန်သူတွေ၊ နာမည်ကျော်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအပြင်ကိုမှ သမ္မတတွေပါ လာပြီးတော့ စကားပြောရတဲ့အစီအစဉ်ပေါ့။

သူ့ရဲ့သေဆုံးမှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဒီသတင်းကိုတော့ သူ့ရဲ့ Facebook ကနေပဲ မန်နေဂျာက အတည်ပြုခဲ့တာဖြစ်ပါတယ်။

Larry ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းကိုက ကိုဗစ်ကြောင့် ဆေးရုံတင်ထားခဲ့တာဖြစ်ပါတယ်။ ၁ လကျော်အကြာမှာတောာ့ အသက်လည်း ကြီးတာကြောင့် ရောဂါဒဏ်တွေကို မခံနိုင်တော့ဘဲနဲ့ သေဆုံသွးခဲ့တာပါ။

penny

SHARE