Son Naeun ရှေ့မှာ အရှက်ဗြန်းဗြန်းကွဲခဲ့ရတဲ့ လီကွမ်ဆို

အမြဲတမ်း ရယ်စရာ ဟာသတွေ လုပ်ပြတတ်တဲ့ Running Man ရဲ့ အဖွဲ့ ၀င် လီကွမ်ဆို တစ်ယောက် Apink မှ Son Naeun ရဲ့ ရှေ့မှာမှအရှက်ကွဲခဲ့ပါတယ်။တခြား အဖွဲ့ဝင်တွေနဲ့ အတူ ဂိမ်းဆော့နေချိန်မှာ ဘေးလူတွေကလည်း သူ့ကို ၀ိုင်းဆွဲ ရုန်းရင်းဆန်ခတ်နဲ့ အသည်းအသန် ပြိုင်ပွဲ ၀င်နေခဲ့ကြတာပါ။

တခြားအဖွဲ့မှ အဖွဲ့ဝင်တွေက ကွမ်ဆိုရဲ့ ဘောင်းဘီနဲ့ အတွင်းခံကို အတင်းဆွဲ ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဘောင်းဘီက အရမ်းကျယ်သွားခဲ့ပြီး ကျွတ်ကျသွားခဲ့တာပါ။တဖက်အသင်းဝင်ေ တွက သူ့ရဲ့ ဘောင်းဘီကို အတင်းဆွဲထားတဲ့ ဒဏ်ကြောင့် ကျယ်သွားတဲ့ ဘောင်းဘီဟာ ကွမ်ဆို တစ်ယောက် မိုက်ကို ပြန်တပ်နေတဲ့ အချိန်မှာ ကျွတ်ကျသွားတာပါ

လုံးဝကိုကျွတ်ကျသွားတာဖြစ်တာကြောင့် ကွမ်ဆိုတစ်ယောက် ဆွဲတင်ချိန်တောင် မရလိုက်ပဲ အရှက်ကွဲ ခဲ့ရပါတယ်။Son Naeun ကလည်း မျက်နှာကို ခပ်မြန်မြန်အုပ်ပစ်လိုက်ပါတယ်။ကွမ်ဆိုရဲ့ ကံဆိုးမှုကတော့ ဒီမှာပဲ ရပ်မသွားပါဘူး။ထပ်ပြီးတော့ ဘောင်းဘီကျွတ်ခဲ့ပြန်ပါတယ်။ရေတွေနဲ့ လောင်း ချခံရတဲ့ အချိန်မှာလည်း ဘောင်းဘီထပ်ကျွတ်သွားခဲ့ပြန်ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

REF;.koreaboo

SHARE