ကွေးခေါက်လို့ရတဲ့ မျက်နှာပြင်နဲ့ ဖန်တီးထားတဲ့ ကမ္ဘာ့ပထမဆုံး လက်ပ်တော့ကတော့ နောက်လာမယ့်နှစ်မှာ သင့်ဆီ ရောက်လာတော့မှာ ဖြစ်ပါတယ်။
နည်းပညာသစ်နဲ့ ထုတ်လုပ်လိုက်တဲ့ လက်ပ်တော့ကတော့ Lenovo ရဲ့ ThinkPad X1 စီးရီး ဖြစ်ပါတယ်။ Lenovo က ThinkPad X1 ထုတ်လုပ်မှုကို လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ မှာတော့ အသုံးပြုသူတွေလက်ထဲ ယူဆောင်လာပေးတော့မှာပါ။

ကုမ္ပဏီကနေ ThinkPad X1 ကို iPad တွေလိုမျိုး secondary computer အဆင့် ထုတ်လုပ်တာ မဟုတ်ဘဲ တကယ့် လက်ပ်တော့/ကွန်ပြူတာ စံနှုန်းနဲ့ ထုတ်လုပ်တာ ဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်ကတော့ ၁၃.၃ လက်မ ဖြစ်ပါတယ်။ OLED display နဲ့ပါ။ အလေးချိန်ကတော့ ၁ ကီလိုဂရမ် အောက်လို့ သိရတဲ့အတွက် ၁.၃ ကီလိုရှိ MacBook Pro ထက်တောင် ပိုပေါ့ပါးတယ်လို့ ပြောလို့ရပါတယ်။

Folding type ဖြစ်တဲ့အတွက်ကြောင့် Samsung Galaxy Fold မျိုးကဲ့သို့ မျက်နှာပြင်ပြဿနာတွေ မကြုံရအောင် Lenovo ကနေ အထူးကြိုးစားလျက်ရှိတယ်လို့လည်း သိရပါတယ်။ တရားဝင်ထွက်ရှိလာမယ့်ရက်နဲ့ ဈေးနှုန်းကိုတော့ တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။
Ref: News.com.au