ငယ်စဉ်ကလေးဘဝကို ပြန်အမှတ်ရစေမယ့် Levi’s နဲ့ Pokémon တို့ရဲ့ ပူးပေါင်းမှု

Levi's

ကျွန်တော်တို့ငယ်ငယ်တုန်းက ပိုကီမွန်ဆိုတာ သိပ်ခေတ်စားခဲ့တာဗျ။ ကျောင်းမှာဆို လက်ထဲ ကတ်အစစ်တွေ အများကြီးရှိတဲ့ကောင်ဆို ဆရာကြီးပဲလေ။ ပိုကီမွန် ကတ်တွေတင်မဟုတ်ဘူး၊ ကာတွန်းဆိုလည်းကြည့်ရ၊ အဲထဲကပိုကီမွန်ကောင်တွေပါတဲ့ အသုံးဆောင်တွေဆိုလည်း သုံးရတဲ့ အလုပ်တွေကိုရှုပ်လို့။

အခုသတင်းတစ်ခု ဖတ်မိရာကနေပြီး ကျွန်တော်တို့ ငယ်ဘဝကို လူကြီးဆန်ဆန်ပြန်သွားစေဖို့ နည်းလမ်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သတင်းကတော့ Pokèmon အနေနဲ့ ကမ္ဘာကျော်အဝတ်အထည်ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းကာ အဝတ်စားတွေ ထုဆ်လုပ်ခဲ့တာပါ။

ဖက်ရှင်ကုမ္ပဏီတွေ တော်တော်များများနဲ့ မကြာခဏဆိုသလို ပူးပေါင်းလေ့ရှိတဲ့ Pokèmon အနေနဲ့ ဒီတစ်ခေါက်မှာတော့ ဂျင်းတို့ဲး့ဘုးင်နဲ့ ပူးပေါင်းခဲ့တာပဲဖြစ်ပါတယ် Levi’s ပါ။  Levi’s လို့ဆိုလိုက်တာနဲ့ ကျွန်တော်တို့အားလုံး အရည်သွေးကောင်းတဲ့ ဂျင်းအဝတ်ထည်တွေကိုတော့ အရင်ဆုံးပြေးမြင်မိမှာပါပဲ။

Levi’s နဲ့ Pokèmon တို့ပူးပေါင်းပြီးတော့ အခုအခါမှာတော့ ဂျင်းတွေအပြင် တခြားအဝတ်ဒီဇိုင်းတွေလည်း ပါဝင်နေပါတယ်။ ကျွနိတော်သဘောအကျဆုံးကတော့ ဂျင်းဂျာကင်လေးပါပဲ။ ဂျာကင်ရဲ့အနောက်ဖက်မှာ Pikachu ပုံလေးပါဝင်တဲ့အပြင် လက်နှစ်ဖက်မှာလည်း Pikachu ရဲ့ မိုးကြိုးအဝါရောက်လေးရှိနေပါတယ်။ ပုံစံတူ ဂျင်းဘောင်းဘီကိုလာ်း ထုတ်ထားပါသေးတယ်။ နောက် Pokèmon ကောင်လေးတွေ အစုံပါဝင်တဲ့ အင်္ကျီအပေါ်ထပ်နဲ့ ဘောင်းဘီတို့လည်းပါဝင်နေပါတယ်။

READ
ဟောင်ကောင် လောင်းကစား ဘုရင်ကြီး Stanley Ho ကွယ်လွန်

 

Levi’s
Levi’s
Levi’s
Levi’s

ဟူဒီနဲ့ အနွေးထည်တွေအပြင်..

Levi’s
Levi’s

Pokèmon ကာတွန်းထဲက မင်းသမီးလေးMisty ဝတ်တဲ့ အဝတ်ပုံစံအတိုင်းကိုလည်း မိန်းကလေးတွေအတွက် ထုတ်ပေးထားပါသေးတယ်။

Levi’s
Levi’s

နောက် Levi’s ရဲ့ basic tee ကိုလည်း အဖြူနဲ့အမည်း ၂ မျိုး ၂ စားထုတ်ထားပါသေးတယ်။ အဝတ်အစားတွေကိုတော့ လာမယ့်ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာပဲ စတင်မှာယူနိုင်မှာပါ။

Levi’s

Penny

SHARE