Wi-Fiထက်အဆပေါင်းများစွာမြန်မယ့်Li-Fi

လာမည့် ၂နှစ်လောက်အတွင်းမှာ အခန်းထဲက မီးလုံးအလင်းရောင်ကတစ်ဆင့် Wi-fiထက်အဆပေါင်းများစွာမြန်တဲ့Li-Fi
နည်းပညာကို တွေ့ရဖို့ရှိနေပါတယ်။ ဘာစီလိုနာမှာဒီတစ်ပတ်ကျင်းပခဲ့တဲ့ Mobile World Congress မှာတော့ ပြင်သစ်လုပ်ငန်း
တစ်ခုဖြစ်တဲ့ Oledcommက အိမ်ထဲကမီးအိမ်တွေကို အသုံးပြုပြီး ဖုန်ပေါ်မှာ ဗီဒီယိုတစ်ခုကို ဖွင့်ပြခဲ့ပါတယ်။ Li-Fiနည်းပညာကို
အသုံးပြုခဲ့တာဖြစ်ပြီး ဗီဒီယိုကထစ်ခြင်း အလျင်းမရှိခဲ့ပါဘူး။

Li-Fi နည်းပညာက မြင်ရတဲ့အလင်းရောင်ချင်းဆက်သွယ်မှုပေါ်အခြေခံထားပါတယ်။ နည်းပညာသဘောအရနှိုင်းယှဉ်ရရင်
Morse code တွေနဲ့ သဘောတရားတူပါတယ်။ ဒါပေမယ့် သူကအလင်းရောင်ဖြစ်တဲ့အတွက် နံရံတွေကိုတော့ ဖြတ်နိုင်မှာ
မဟုတ်ပါဘူး။

Li-Fi ဆိုတာဘာလဲ?

Li-Fi ရဲ့အရှည်ကောက်က Light Fidelityပါ။ အလင်းရဲ့အလျှင်လောက်ကို မြန်ပါတယ်။ 400 and 800 terahertz(THz)
လောက်ရှိတဲ့ လှိုင်းတွေနဲ့ ဘိုင်နရီကုဒ်တွေကို ထုတ်လွှင့်တာဖြစ်ပါတယ်။ မျက်လုံးနဲ့မြင်နိုင်ဖို့အတွက် မဖြစ်နိုင်လောက်အောင်
မြန်လွန်းတဲ့ အလျင်ပါ။ LED မီးလုံးက ထုတ်လွှတ်လိုက်တဲ့ လှိုင်းတွေပေါ်အခြေခံပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။

READ
Samsung မှ မိတ်ဆက်ပေးလိုက်တဲ့ ၂၁၉ လက်မ The Wall တီဗီကြီး

Li-Fiကို ဓာတ်ခွဲခန်းတစ်ခုထဲမှာ စမ်းသပ်ကြည့်တာတော့ DVD ၂၃ချပ်စာကို တစက္ကန့်အတွင်းမှာ ဒေါင်းလုပ်ချနိုင်လောက်တဲ့
200Gbps အမြန်နှုန်းရရှိခဲ့ပါတယ်လို့Oledcomm တည်ထောင်သူ Suat Topsu က AFP ကိုပြောခဲ့ပါတယ်။”Li-Fi က Wi-Fi
ထက် အဆတစ်ရာလောက် ပိုမြန်ပါတယ်။”လို့ သူကဆက်လက်ပြောပါတယ်။

နောက်ထပ် ၄နှစ်လောက်အတွင်းမှာ အင်တာနက်သုံးတဲ့သူတွေ များပြားလာအုံးမှာပါ။ ကျွန်တော်တို့တွေအားလုံး ကော်ဖီစက်
တွေ၊ အင်္ကျီလျော်စက်တွေ၊ သွားတိုက်တံတွေကို ချိတ်ဆက်ကြတော့မှာပါ။ Wi-Fi , Bluetooth တို့ပ ပစ္စည်းဆယ်ခုအထက်
ပိုချိတ်လို့ မရပါဘူး။ အခု Li-Fiကတော့ စိတ်ကြိုက်ချိတ်နိုင်မှာ ဖြစ်ပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ShweMOM

SHARE