Libra (တူရာသီဖွား)တွေရဲ့ မေလကံကြမ္မာဟောစတမ်း

စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူတွေကိုတော့ တူရာ သီဖွားလို့ သတ်မှတ်ကြ ပါတယ်။ဒီရာသီဖွားတွေရဲ့ မေလကံကြမ္မာဟော စတမ်းကတော့ လုပ်ငန်းကိစ္စ၊မိသားစုကိစ္စ၊စိတ်ပိုင်းဆိုင်ရာကိစ္စတွေအတွက် အရေးကြီးတဲ့ လပါ။သင့်ရဲ့ စီမံခန့်ခွဲမှုစွမ်းရည်က ဒီလမှာ သင့်အတွက် အလွန်အရေးကြီးနေပါတယ်။ဒီလမှာတော့ ဘာသာရေးပိုလုပ်ပေးပါ။

အလုပ်အကိုင် – လူမှုပေါင်းသင်းဆက်ဆံရေးကို မလစ်ဟင်းပါစေနဲ့။ စိတ်လိုက် မာန်ပါလုပ်တာ၊စိတ်အလိုကိုလိုက်ပြီး တစ်ယောက်တည်း ဆုံးဖြတ်တာမျိုးတွေ မလုပ်ပါနဲ့။ လုပ်ငန်းနဲ့ပတ်သက်လို့တော့သတင်းကောင်းတွေ ကြားရနိုင်ပါတယ်။ လစာတိုးတာမျိုးနဲ့ ကြုံရနိုင်ပါတယ်။

ငွေရေးကြေးရေး– ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဒီလမှာ နည်းနည်းညံ့နေပြီး အပြောင်းအလဲတွေနဲ့ ကြုံရနိုင်ပါတယ်။(၂၀)နောက်ပိုင်းမှာ ငွေအကြပ် အတ ည်းနဲ့ကြုံရတတ်ပါတယ်။ပိုက်ဆံကို သေချာစီစစ်သုံးစွဲပါ။ကံကောင်း တာ တစ်ခု ကတော့ ကိုယ်အနီးအနားမှာရှိတဲ့ မိတ်ဆွေ၊ချစ်သူ၊ခင်ပွန်း(သို့)ဇနီးဆီ ကနေ အကူအညီရပါလိမ့်မယ်။ကိုယ်ငွေကံညံ့နေပေမယ့် သူတို့ကတော့ ငွေကံတ တ်နေပါလိမ့်မယ်။ကြွေးမြီကိစ္စတွေရှိရင် သေချာကိုင်တွယ်ပါ။မပေါ့ဆပါနဲ့။ အသုံးအစွဲတွေကို လျော့ပါ။

READ
(၁၂)ရာသီဖွားတွေအတွက် သင်တို့ရဲ့စိတ်နေစိတ်ထား နဲ့ ရွေးချယ်သင့်တဲ့ iPhone အရောင်

မေတ္တာရေး – မေလမှာတော့ အချစ်ရေးက အပြောင်းအလဲမြန်ပြီး မတည် မငြိ မ်ဖြစ်နေပါလိမ့်မယ်။တွဲတာ၊ကွဲတာတွေ ကအရမ်းမြန်နေပါလိမ့်မယ်။အိမ်ထော င်သည်တွေကြားမှာတော့ စကားများ၊ရန်ဖြစ်တာမျိုးနဲ့ ကြုံရ ပါလိမ့် မယ်။အိမ်ေ ထာင်သည်တွေ နောက်ထပ်သတိထားရမှာက လူမှုရေး အရှုပ်အရှင်းကိစ္စတွေ ပေါ်လာနိုင်ပါတယ်။ကလေးယူမယ့် အစီအစဉ်တွေကိုတော့ ဒီလမှ ရွှေ့ဆိုင်း ထားသင့်ပါတယ်။Single သမားတွေကတော့ ရွေးရခက်နေမယ့်လပါ။ လုပ်ငန်း ခွင်ထဲကလူ(သို့)ဘာသာရေးကိစ္စတွေ လုပ်ရင်းနဲ့ တွေ့တဲ့ လူနဲ့မေတ္တာမျှတတ် ပါတယ်။ရိုမန်တစ် အချစ်ထက် Sex ဘက်ကို သွားတဲ့ စိတ်တွေ များနေတာကြောင့် ချစ်သူစုံတွဲတွေကြားထဲမှာတော့ အချစ်နယ်ကျွံတာမျိုးနဲ့ ကြုံရတတ်ပါတယ်။သတိထားပါ။

ကျန်းမာရေး- မေ(၁၂)မတိုင်ခင်ထိတော့ ညံ့နေပါတယ်။ခန္ဓာကိုယ်ထဲကနေ အဆိပ်ထုတ်တာ၊Gym ကစားတာ၊လေ့ကျင့်ခန်းလုပ်တာတို့ လုပ်ပေးပါ။ ဆီးချိုသွေးချိုရောဂါ၊သွေးတိုးရောဂါတို့နဲ့ ကြုံရနိုင်တာကြောင့် အစားအေ သာက်အနေအထိုင်ဆင်ခြင်ပါ။ခြုံပြောရရင်တော့ ဒီလဟာ သင့်ရဲ့ အလု ပ်အကိုင်နဲ့ အချစ်ရေးတို့မှာ အတတ်အကျအပြောင်းအလဲတွေ အရမ်းများေ နမယ့်လပါ။

READ
Sagittarius (ဓနုရာသီဖွား)တွေရဲ့ ဧပြီလ ကံကြမ္မာဟောစတမ်း

Nilar(Shwemom)

SHARE