Anime ထဲက ဇာတ်ကောင်ကို အပြင်ဆွဲထုတ်ပြီး FA သူငယ်ချင်းကို လက်ဆောင်ပေးခဲ့သူ

Facebook- Kathryna Haw

ဂျပန် anime ထဲက ကောင်လေးတွေရော၊ ကောင်မလေးရောဟာ ချစ်စရာလေးတွေမလို့ တော်တော်များများ anime fan တွေဆိုရင် ဇာတ်ကောင်တွေကို ချစ်သူတော်ချင်စိတ် အမြဲတမ်း ဖြစ်မိကြတယ်မဟုတ်လား။ ဒီခံစားချက်ကိုလည်း ခံစားဖူးတဲ့လူတွေမှသာ သိမှာပါ။

အခုတော့ မလေးရှားကလူတစ်ယောက်က သူငယ်ချင်းအတွက်ဆိုပြီးတောာ့ ကာတွန်းထဲကဇာတ်ကောင်လေးကို အပြင်ကိုခေါ်ထုတ်ပေးခဲ့ပါသတဲ့လေ။ Next shark မှကိုးကားဖော်ပြပေးလိုက်ပါတယ်။

Facebook- Kathryna Haw

သူမနာမည်ကတော့ Kathryna ပါ။ Kathryna ဟာ သူငယ်ချင်းမလေးရဲ့ မွေးနေ့အတွက် ဘာလက်ဆောင်ပေးလို့ပေးရမှန်းမသိဖြစ်နေခဲ့ပါတယ်။ ထူးထူးခြားခြားလေးလည်းဖြစ်စေချင်တယ်ဆိုပြီး စဉ်းစားလိုက်တော့ သူငယ်ချင်းမအရမ်းကြိုက်တဲ့ ကာတွန်းဇာတ်ကောင်ကို အပြင်ကိုခေါ်ထုတ်ပေးဖို့ စီစဉ်ခဲ့တာပါ။

Facebook- Kathryna Haw
Facebook- Kathryna Haw
Facebook- Kathryna Haw

ဒါနဲ့ အရင်ဆုံး သူငယ်ချင်းမရဲ့အသည်းစွဲဇာတ်ကောင်လေးကိုရွေးချယ်ခဲ့တယ်။ ဇာတ်ကောင်ကတော့ Attack on Titan ထဲက Levi ပဲဖြစ်ပါတယ်။ Levi က မိန်းကလေးတွေ ကြွေကျရတဲ့ကာတွန်းဇာတ်ကောင်တွေထဲက တစ်ခုပေါ့။ နောက် Levi ရဲ့ပုံကို print ထုတ်ဖို့စီစဉ်ပါတယ်။ ဒါပေမဲ့ လူအရွယ်အစာအတိုင်း print ထုတ်မှာဆိုတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အကုန်လုံးကိုခွဲထုတ်ပြီး ဖြတ်ညှပ်ကပ်တွေ လုပ်ခဲ့ရပါတယ်။

Facebook- Kathryna Haw
Facebook- Kathryna Haw
Facebook- Kathryna Haw

နောက်တော့ ထွက်လာတဲ့စာရွက်အပိုင်းစတွေကို ကတ်ထူစက္ကူပေါ်မှာ ပြန်ကပ်ပြီး တကယ့်လူတစ်ယောက်အရွာအစားရအောင် အချိန်ပေးပြီးတော့ကို ပြုလုပ်ခဲ့ရတာပါ။ နောက် နင့်အတွက် ရည်းစားဆိုပြီး FA ဖြစ်နေတဲ့ သူငယ်ချင်းကို မွေးးနေ့လက်ဆောင်ပေးခဲ့ပါတယ်။ လက်ဆောင်ရတဲ့အတွက် FA သူငယ်ချင်းလေးလည်း ပျော်နေရှာသတဲ့လေ။

Facebook- Kathryna Haw
Facebook- Kathryna Haw
Facebook- Kathryna Haw

penny

SHARE