နိုဝင်ဘာလ ၁၇ ရက်နေ့တုန်းက James Charles ရဲ့ YouTube channel မှာ ဗီဒီယိုတစ်ခုတင်လာခဲ့ပါတယ်။ ဗီဒီယိုမှာတော့ Lil Nas X ဟာ ဧည့်သည်အဖြစ် ပါဝင်နေခဲ့တာဖြစ်ပြီးတော့ James Charles ကိုယ်တိုင် မိတ်ကပ်ပြင်ပေးတဲ့ vlog လေးပေါ့။

ဒီဗီဒီယိုထဲမှာ နှစ်ယောက်သား အလှအပရေးရာနဲ့ ဖက်ရှင်အကြောင်းတွေ ပြောခဲ့တဲ့အပြင်ကိုမှ Lil Nas X တစ်ယောက် ၂၀၁၉ ခုနှစ်တုန်းက သူဟာ gay ဖြစ်တယ်လို့ ဝန်ခံခဲ့တဲ့အကြောင်းလေးတွေကိုပါ ထည့်ပြောပြလာခဲ့တာပါ။ James Charles အနေနဲ့ အခုလိုမျိုး Lil Nas X တစ်ယောက် ဖွင့်ထုတ်ပြောပြလာခဲ့တဲ့အပေါ် ဝမ်းသာဂုဏ်ယူမိပါတယ်ဆိုပြီးလည်း ပြောခဲ့ပါသေးတယ်။
ဒီဗီဒီယိုကို ဒီတိုင်း ကြည့်မယ်ဆိုရင်တော့ YouTuber beauty blogger တစ်ယောက် ဆယ်လီတစ်ယောက်ကိုခေါ်ပြီး အလှပြင်ပြတဲ့ဗီဒီယိုကိုရိုက်ခဲ့တယ်ဆိုပေမယ့်လို့ အမာခံပရိတ်သတ်တွေကတော့ ထူးဆန်းတဲ့အငွေ့အသက်တစ်ခုကို ခံစားမိခဲ့ကြပါတယ်တဲ့။


Lil Nas X နဲ့ James Charles တို့နှစ်ယောက်ကြားထဲက chemistry လေးပါ။ နှစ်ယောက်သား ပြောပုံဆိုပုံတွေဟာ သာမန်ထက်ပိုနေတယ်လို့ ပရိတ်သတ်တွေ ထင်ကြေးပေးနေခဲ့ကြပြီး အကြည့်တွေနဲ့ James Charles တစ်ယောက် Lil Nas X ကို ကိုင်တွယ်နေပုံလေးကလည်း နူးနူးညံ့ညံ့လေးဖြစ်နေခဲ့တာကြောင့် ရိုးမှ ရိုးပါရဲ့လားဆိုပြီးတော့ ထင်နေခဲ့တာပါတဲ့။
View this post on Instagram
ဒါပေမဲ့ နှစ်ယောက်သားကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ပြန်ပြောလာခဲ့ခြင်းမရှိသေးပါဘူး။ လက်တလော YouTube အသုံးပြုသူတွေကြားထဲမှာတော့ James Charles နဲ့ Lil Nas X တို့ကို စိတ်ဝင်စားမှု အမြင့်ဆုံးရောက်နေခဲ့ပြီးတော့ နှစ်ယောက်ကိုလည်း သဘောတူနေခဲ့ကြပါတယ်။ ဒါကတော့ ဗီဒီယိုလေးပါ။
penny