ပိုက်ဆံမတတ်နိုင်တာကြောင့် ညီမကိုသာအရင်ဆေးကုသခိုင်းတဲ့ ၇နှစ်အရွယ်သမီးငယ်

viral4real

ညီအစ်မနှစ်ယောက်လုံးခံစားနေရတဲ့ ဝေဒနာ ရောဂါချင်းတူနေကြတယ်။ ဒါပေမယ့် ၇နှစ်အရွယ် အစ်မဖြစ်သူက ညီမငယ်လေးကိုသာ အရင်ဆေးကုသပေးဖို့ ဦးစားပေးခဲ့ပါတယ်။

ညီအစ်မတွေကသာ အကောင်းဆုံးသူငယ်ချင်းတွေပါ။ ညီမလေးကိုအရမ်းချစ်လွန်းလို့ သူခံစားနေရတာတောင် ညီမငယ်လေးကိုပဲ အရင်ဆေးကုသပေ;ဖို့ တောင်းဆိုခဲ့တယ်။ ကလေးငယ်နှစ်ယောက်လုံး မျိုးရိုးလိုက် အရိုးပါးရောဂါကိုခံစားနေရပါတယ်။ ဒီအရိုးပါးရောဂါက အန္တရာယ်တော့မရှိပေမယ့် ကလေးတွေအတွက် ဒီရောဂါကပြင်းထန်ပါတယ်။ခါးတွေနာလာမယ်။ တင်ပါးနဲ့ခြေထောက် တွေနာလာမယ်။ တစ်ခါတစ်ရံဆို လမ်းလျှောက်ရတာ ခက်ခဲသည့်အထိဖြစ်တတ်ပါတယ်။

ဒီကလေးငယ်နှစ်ယောက်အတွက် ရိုးတွင်းချင်းဆီ အလှူရှင်ရှိနေသောလည်း ခွဲစိတ်မူအတွက်ကုန်ကျစရိတ်ကို ငွေကြေးအခက်အခဲကြောင့် ကလေးတစ်ယောက်ကိုသာ ကုသပေးနိုင်မှာပါ။ကလေးတစ်ယောက်ရဲ့ ခွဲစိတ်မူကုန်ကျစရိတ်ကတော့ ယွမ်း ၅သိန်း ရှိပါတယ်။

၇နှစ်အရွယ်ရှိတဲ့ Wang Yue အတွက် အရိုးပါးရောဂါဟာ အန္တရာယ်ရှိနိုင်ပါတယ်။ သူမအရိုးတွေဟာ ဖွံဖြိုးမူမရှိတော့ဘဲ အလွယ်တကူကျိုးနိုင်တယ်။ အသေးအဖွားလေးတိုက်မိရင် အရိုးကျိုးနိုင်တဲ့ အခြေအနေမှာရှိတဲ့အတွက် Wang Yue ကို အရင်ကုသရမှာပါ။

READ
ကျီးကန်းက တိုက်ခိုက်လို့ မထင်မှတ်ဘဲ သေဆုံးခဲ့ရတဲ့ (၇၆)နှစ်အရွယ် အဖိုးအိုရဲ့အဖြစ်

ဒါပေမယ့် Wang Yue အတွက်ကတော့ ၁နှစ်အရွယ် ညီမငယ်လေးရဲ့အသက်က ပိုအရေးကြီးနေပါတယ်။ Wang Yue က ကုသမူအစီအစဉ်ကိုငြင်းပခဲ့ပြီး တရုတ်တိုင်းရင်းဆေးကိုသာ နေ့တိုင်းသောက်သုံးနေခဲ့ပါတယ်။ ဒီခွဲစိတ်မူကို ညီမငယ်အတွက်သာ ဦးစားပေးခဲ့ပါတယ် လို့ viral4real သတင်းစာမျက်နှာမှ ဖော်ပြထားပါတယ်။

Han Nwe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE