သင့်ဘဝကို အကြီးအကျယ်ပြောင်းလဲစေမည့် သေးငယ်သောအမူအကျင့်လေးများ

တစ်ခါတလေ ကိုယ်မထင်မှတ်ထားတဲ့ အသေးအမွှားလေးတွေက ဘဝရဲ့ အရေးကြီးဆုံး အရာတွေကို ချုပ်ကိုင်ထားတတ်ပါတယ်။ ဒါကြောင့် သင်ဟာ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်အခြေအနေမှာပဲ ရောက်ရောက် ပျော်ရွှင်နေတဲ့လူ၊ တန်ဖိုးရှိတဲ့လူ ဖြစ်ချင်ရင်တော့ ခုဖော်ပြပေးမယ့် အရာလေးတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် သင့်ဘဝရဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

(၁) သူတစ်ပါးကိုကူညီပါ

သင့်မှာရှိတဲ့ ဘယ်လိုအရာနဲ့ မဆိုသူတစ်ပါးကို ကုညီနိုင်ပါတယ်။ သင်ဟာ ချမ်းသာတဲ့သူ ဖြစ်ချင်မှဖြစ်မယ် ဒါပေမယ့် ခက်ခဲသူတွေကို ကူညီဖို့ အနည်းငယ်လောက် ပါဝင်ကြည့်ပါ။ ဒီလို သုံးနိုင်ဖို့ တအားပင်ပန်းခဲ့တယ်လို့ သင်ဆိုကောင်းဆိုလိမ့်မယ်။ ဒါပေမယ့် ယုံပါ ပေးကမ်းခြင်းဟာ ပျော်ရွှင်မှုရဲ့ တံခါးပေါက်ပါပဲ။ သူတစ်ပါးကို ဘာအကျိုးမှ မကြည့်ပဲ ကူညီပေးခြင်းဖြင့် သင့်ရဲ့ ပျော်ရွှင်မှု၊ တန်ဖိုးရှိမှုတွေကို သင်သိလာတဲ့အခါ၊ ပေးရကျိုးနပ်တယ်ဆိုတာကို သိလာမှာပါ။

(၂) ဝဠ်ဆိုတာကိုယုံပါ

ခွင့်လွှတ်ခြင်းနဲ့ မေ့ဖျောက်ခြင်းဟာ အရမ်းခက်ခဲပေမယ့် လက်စားချေဖို့တော့ မစဉ်းစားပါနဲ့။ မေ့မေ့ဖျောက်ဖျောက် နေလိုက်ပါ။ ဝဠ်ဆိုတာ လည်ကိုလည်တဲ့အတွက် ကံတရားက သူ့အလုပ်သူလုပ်နေတယ် ဆိုတာကိုယုံကြည်ပြီး၊ စိတ်သက်သက်သာသာ နေလိုက်တာ သင့်အတွက် အကောင်းဆုံးပါ။ သူတစ်ပါးကို ခွင့်လွှတ်ခြင်းဖြင့် သင့်ရဲ့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုအစစ်အမှန်ကို တွေ့လာရမှာပါ။

READ
ကိုယ့်ထူးကိုယ်ချွန်မီလျံနာတွေက မျှဝေထားတဲ့ ဒေါ်လာ(၁၀၀) ကို အရင်းပြုပြီး ငွေရှာနည်း

(၃) သဘာဝကိုချစ်မြတ်နိုးပါ

ပန်းခြံထဲမှာ တစ်နာရီ၊ နှစ်နာရီလောက် လမ်းလျှောက်ကြည့်ပါ။ ဒါမှမဟုတ် သစ်တောတစ်ခုခုကို အလည်သွားပြီး သဘာဝအလှကို ခံစားကြည့်ပါ။ မြင့်မားတဲ့ သစ်ပင်ကြီးတွေကိုကြည့်ပြီး ဒီလိုအမြင့်ကို ရဖို့ ဘယ်နှစ်နှစ်လောက် အချိန်တွေ ကြာတယ်ဆိုတာကို တွေးကြည့်ပါ။ တောင်တန်းကြီးတွေကို မျှော်ကြည့်လိုက်ပါ။ ပိုက်ဆံက ခေတ္တပျော်ရွှင်မှုကို ပေးနိုင်ပေမယ့် သဘာဝတရားကြီးကတော့ သင့်အတွက် အမြဲတမ်း ကောင်းတဲ့အရာတွေကိုပဲ ပေးနေတာပါ။

(၄) အနုတ်ဆောင်တဲ့စကားတွေမပြောပါနဲ့

သင့်အကြောင်းပဲဖြစ်ဖြစ်၊ သင့်အနားက သူတွေအကြောင်းပဲဖြစ်ဖြစ်၊ အနုတ်ဘက်ဆောင်တဲ့ စကားကို မပြောပဲ တစ်ရက်၊ တစ်ပတ်၊ တစ်လ အဲလိုလေး တစ်ဖြေးဖြေးနေသွားကြည့်ပါ။ သင်ကိုယ်တိုင်ရော၊ သင့်ပတ်ဝန်းကျင်ရော ဘယ်လောက် ပြောင်းလဲသွားလဲ၊ ပျော်ရွှင်သွားလဲဆိုတာကို တွေ့ရမှာပါ။ ဒါကြောင့်  အပေါင်းဘက်ဆောင်တဲ့ အရာတွေကို ပျံ့နှံ့စေခြင်းဖြင့် ပျော်ရွှင်မှုက သင့်ဆီကို ရောက်လာပါစေ။

(၅) အရမ်းဂရုမစိုက်ပါနဲ့

လူရယ်လို့ဖြစ်လာတဲ့အခါ ကိုယ့်ကို မကောင်းပြောတဲ့သူကတော့ အမြဲတမ်းရှိနေမှာဖြစ်တယ်။ ဒါကြောင့် သင့်အကြောင်းပြောနေကြတဲ့ အတင်းအဖျင်းတွေ၊ အပုပ်သတင်းတွေ၊ ကောလဟာလတွေကို ဘာကြောင့် အရမ်းအာရုံစိုက်နေသေးလဲ။ လွှတ်ထားလိုက်ပါ။ ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်၊ ကိုယ့်ရဲ့ဆန္ဒတွေကိုသာ အလေးထားပါ။ သင်ထင်ထားတာထက်ကို သင်ဟာ ပိုသန်မာပါတယ်။

READ
စိတ်တိုတတ်တဲ့ ကောင်မလေးတွေအတွက် စိတ်ဖြေလျော့နည်းများ

(၆) ကိုယ့်ကိုယ်ကို ချီးမြှင့်ပါ

သင်ဟာ နေ့တိုင်း အစားအသောက် DIET လုပ်တယ်။ ဆယ်ရက်လောက်နေရင် ရှောင်ရမယ့် အရာကို စားချင်လာတယ် ဆိုရင် သွားစားလိုက်ပါ။ နှိုးစက်မြည်တိုင်းထပေမယ့် ဒီနေပတော့ မထချင်ဘူးဆိုလည်း မထပါနဲ့။ နေ့တိုင်းတော့ ဒီလိုလုပ်လို့ မဖြစ်ပေမယ့် တစ်ခါတလေလေးတော့ လုပ်သင့်ပါတယ်။ စည်းမျဉ်းစည်းကမ်းကြီးတွေကို အမြဲလိုက်နာနေသရွေ့ ပျော်ရွှင်မှုအစစ်အမှန် တွေ့ဖို့ခက်ခဲပါတယ်။ စေခါတခေ ဖောက်သင့်ရင်လည်း ဖောက်ရပါတယ်။ အလွန်အကျွံတော့ မဖြစ်စေနဲ့ပေါ့နော်။

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE