လမ်းပျောက်ခဲ့ပြီးနောက် သခင်ကိုပြန်တွေ့တဲ့အခါမျက်ရည်အ၀ိုင်းသားနဲ့ပျော်နေရှာတဲ့ခွေးမလေး

ခွေးချစ်တတ်တဲ့သူတွေအတွက် ခွေးလေးတွေဟာသိပ်ကိုအဖိုးတန်ပါတယ်။ အိမ်မှာသူတို့နဲ့နေရတာကြာလေလေ၊ သံယောဇဉ်ပိုတွယ်မိလေပါပဲ။ တစ်ခါတစ်လေ အိမ်ကခွေးတွေ အလည်လွန်တာပဲဖြစ်ဖြစ်၊ လူဖမ်းသွားတာပဲဖြစ်ဖြစ် ပြန်ရောက်ချိန်တန်လို့အိမ်မပြန်လာရင် စိတ်အပူရဆုံးကလည်း သခင်တွေပဲဖြစ်ပါတယ်။

Source: AirTV Video

အခုတင်ပြမှာကတော့ လူနဲ့တိရစ္ဆာန်ကြားမှာရှိတဲ့ ကြီးမားတဲ့သံယောဇဉ်လေးအကြောင်းပါ။ ခွေးမလေးတစ်ကောင်ဟာ သခင်နဲ့လမ်းကွဲပြီးပျောက်သွားပြီးနောက် သခင်ကိုပြန်တွေ့တဲ့အခါ မျက်ရည်လည်ရွဲနဲ့ဖြစ်နေခဲ့တဲ့အကြောင်းလေးပါ။ ခွေးမလေးနာမည်ကတော့ ရှောင်းမီဖြစ်ပါတယ်။

ရှောင်းမီဟာ တစ်ခါတုန်းကသူ့သခင်နဲ့အတူဈေးထဲမှာရောက်နေချိန်ပါ။ အပတ်တိုင်းလည်းသခင်ဖြစ်သူနဲ့အတူ ဈေးဝယ်လိုက်လေ့ရှိပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ရှောင်းမီဟာမီးပန်းဖောက်တာနဲ့ကြုံပြီးထိတ်လန့်ကာထွက်ပြေးသွားခဲ့ပါတယ်။ ရှောင်းမီက သူမသွားနေကျလမ်းနဲ့ ဆန့်ကျင်ဘက်လားရာလမ်းဆီထွက်ပြေးခဲ့တာကြောင့် လမ်းပျောက်ခဲ့ပါတယ်။ လမ်းကလည်း မမှတ်မိတာကြောင့် ခွေးမလေးဟာအိမ်ကိုပြန်ရှာမတွေ့ခဲ့ပါဘူး။

Source: AirTV Video

(၆)ရက်တာလုံးလုံးရှောင်းမီဟာလမ်းပျော်ဘ၀နဲ့လျှောက်သွားနေခဲ့ပါတယ်။ ဒီလိုနဲ့လျှောက်သွားရင်း သူမသခင်ရဲ့ သူငယ်ချင်းအိမ်ဆီရောက်သွားခဲ့ပါတယ်။ ရှောင်းမီရဲ့ သခင်ကလည်း သူ့သူငယ်ချင်းတွေကိုရှောင်းမီပျောက်နေကြောင်း ကြိုပြီးအကြောင်းကြားထားတဲ့အတွက် သူတို့တွေက ရှောင်းမီကိုခေါ်ထားခဲ့ပါတယ်။ ဒီနောက် သခင်ဆီကိုချက်ခြင်းဖုန်းဆက်ပြီး ရှောင်းမီကိုလာခေါ်ခိုင်းခဲ့ပါတယ်။

Source: AirTV Video

နောက်ဆုံးမှာတော့ ရှောင်းမီလေးဟာ သခင်ဖြစ်သူနဲ့တွေ့ခဲ့ရပါတယ်။ သားအဖနှစ်ယောက်(၆)ရက်လောက်ခွဲပြီးမှပြန်တွေ့ရတဲ့အခါ ခွေးမလေးရှောင်းမီကမျက်ရည်ကျနေခဲ့ပါတယ်။ ဘာပဲပြောပြောရှောင်းမီက တခြားနေရာတွေဆီမျက်စိလည် လမ်းမှားပြီးမရောက်သွားပဲ အိမ်နားပတ်ဝန်းကျင်မှာသာ ပျောက်သွားလို့တော်ပါသေးတယ်။  အခုဆိုရင်တော့ ရှောင်းမီလေးဟာ သခင်ဖြစ်သူနဲ့ပြန်လည်ဆုံတွေ့ပြီး ပျော်ရွှင်စွာနေထိုင်လျက်ရှိနေပါပြီ။

READ
ကားပျက်ပြီး ဒုက္ခတွေ့နေသူကို အိမ်တိုင်ယာရောက် ကားတွန်းပို့ပေးခဲ့တဲ့ လူငယ်လေးများ

လင်းလင်း (ShweMom)

Source: ilovemydogsomuch.tv

SHARE