အဆိုတော် နီနီခင်ဇော်ရဲ့ RETRO RED VOLUTION SHOW ကိုတော့ အမျိုးသားပြဇာတ်ရုံမှာ ဧပြီ (၇)ရက်နဲ့ (၈) ရက်နေ့တို့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ နီနီကို ပရိသတ်တွေရော မီဒီယာတွေကပါ လက်ဖျားခါ ချီးကျူးခဲ့ရတဲ့ Show ပွဲလေး ဖြစ်ခဲ့ပါတယ်။ အဆိုပိုင်းမှာရော Performance ပိုင်းမှာပါ ထူးချွန်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ချီးကျူးသံတွေ ဝေဆာခဲ့ပါတယ်။
ဒီပွဲလေးက နီနီရဲ့ ဂီတသက်တမ်း (၁၀)နှစ်ပြည့် အမှတ်တရပွဲလေးလည်း ဖြစ်ပါတယ်။ နီနီကတော့ Melody World ပြိုင်ပွဲကနေ တက်လာတဲ့ အဆိုတော်တစ်ယောက်ပါ။ Show ပွဲအတွင်း သူမပြိုင်ပွဲဝင်တုန်းက ယှဉ်ပြိုင်ခဲ့တဲ့ အမှတ်တရ လေးတွေကိုပြောရင်း ပြိုင်ပွဲဝင် သီချင်းအချို့ကိုလည်း အမှတ်တရ သီဆိုခဲ့ပါသေးတယ်။ နီနီရဲ့ ကြိုးစားမှုအတွက် သူမရဲ့ မိတ်ကပ်အလှကို ဖန်တီးပေးခဲ့တဲ့ မထက်က အခုလို ချီးကျူးစကားဆိုခဲ့ပါတယ်။
“အမြဲတမ်း…ဘာလုပ်လုပ် အရမ်းကြိုးစားတယ် အခက်ခဲအတိုက်ခံဘယ်လောက်ရှိရှိ သူ့အလုပ်ကိုဘဲအာရုံထားတယ်…. အကောင်းဆုံးဖြစ်ဖို့ အကောင်းဆုံးအမြဲကြိုးစားလို့ လေးစားအားကျရတယ်…. တယောက်ထဲကောင်းစားဖို့ထပ် အားလုံးကိုအတူတွဲခေါ်တတ်တယ်… ငွေကြေးမတွက်ကပ်ဘဲပြန်လည်ဝေမျှဖို့အသင့်ရှိတယ်…. ကိုယ်တွေအပေါ်လည်းနေရာပေးဆက်ဆံတယ်… နီနီယော နီနီ့မေမေယော တွေးမိတိုင်းအရမ်းကျေဇူးတင်မိတယ်… ဒီထပ်မကအောင်မြင်မှု့တွေရပါစေလို့လည်း ဆုတောင်းမိတယ် ကွိလေး♥ ♥ …” ဆိုပြီး ပြောခဲ့ပါတယ်။နီနီရဲ့ အိမ်နာမည် က ကွိ လေး ပါ။
from နီနီခင်ဇော်နဲ့ မထက်ရဲ့ fb