ISIS တွေမကျရှုံးသေးသရွှေ့၊ အိမ်မပြန်ဘူးလို့ ဆိုလာတဲ့ ဘဏ်လုပ်ငန်းရှင်ဟောင်း စစ်သားကြီး

ဆီရီးယားနိုင်ငံ Raqqa မြို့ ရှေ့တန်းစစ်မြေပြင်ပြင်ကို ရောက်ရှိနေတဲ့ အသက် 30 အရွယ် Macer Gifford အမည်ရ စစ်သားကြီးကတော့ IS တွေကို အပြီးအတိုင်မချေမှုန်းနိုင်သေးသရွေ့ အိမ်ပြန်ဖို့အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ The Sun သတင်းစာမှာ ဖော်ပြထားချက်အရ Macer ဟာ ဘဏ်လုပ်ငန်းရှင်ဟောင်း တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

Macer Gifford

သူဟာ ဆီရီးယားမှာ အခြားခရစ်ယာန် အပေါင်းအဖော်တပ်သားတွေနဲ့အတူ Syriac Military Council (MFS) တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေပြီး၊ 2015 ခုနှစ်ကတည်းက ရှေ့တန်းစစ်မြေပြင်မှာ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။ Marcer ဟာ ယခင်က ကိန်းဘရစ်ခ်ျမြို့ Tory Councillor (ဗြိတိန်ကွန်ဆာဗေးတစ်ပါတီ ထောက်ခံသည့် အဖွဲ့အစည်း၏ ကောင်စီဝင်) တစ်ဦးလည်း ဖြစ်ပါတယ်။

Macer Gifford

Marcer ဟာ ဆေးတပ်သားတစ်ဦးအဖြစ်သာမက Sniper သမား တစ်ဦးအဖြစ်ပါ တာဝန်ယူကာ Raqqa မြို့ကို IS လက်ထဲကနေ ပြန်သိမ်းနိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ စစ်သားတွေအနက် တစ်ဦးအပါအ၀င်ဖြစ်ပြီး၊ IS ကို အမြစ်ကနေလှန်ပြီး မသုတ်သင်နိုင်သေးသရွေ့တော့ အမိနိုင်ငံကို ပြန်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

READ
ကျွဲရိုင်းကြီးကို အဆင်ခြင်ကင်းစွာ ပွတ်သတ်ကျီစယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား
Macer Gifford

Marcer က  Dailymail သတင်းစာနဲ့တွေ့ဆုံစဉ်မှာ ” IS တွေ မကျသေးဘဲနဲ့ ကျနော် အိမ်မပြန်ချင်ပါဘူး … “လို့ ဆိုပါတယ်။ သူဟာ လုပ်ရပ်မှန်ကန်တဲ့အတွက် ငြိမ်းချမ်းတဲ့ ခံစားမှုကို ခံစားနေရပေမယ့်၊ IS တွေဟာ အခုအချိန်ထိ ဆီရီးယားမှာ ခြေကုပ်ကျန်နဆဲလို့ ဆိုပါတယ်။

Macer Gifford

IS တွေဟာ ယခုအခါမှာ ဆီရီးယားရှိ ယင်းတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေအနက် 65% ကို ဆုံးရှုံးထားရကြောင်း သိရပြီး၊ ယခုနှစ်အစောပိုင်းက ဒုတိယအကြိမ်းဆုံး မြို့တော်မိုလ်ဆူးကို လက်လွှတ်ခဲ့ရပါတယ်။ ယင်းနောက်မှာတော့ ဆီရီယားတပ်မတော်နဲ့ မဟာမိတ်တွေဟာ IS တွေ သိမ်းပိုက်ထားတဲ့ Raqqa ကို ပြန်လည်သိမ်းပိုက်ဖို့ စစ်ဆင်ရေးတွေ ဆက်တိုက် ပြုလုပ်ခဲ့တာပါ။

Macer Gifford

Marcer ရဲ့ အဆိုအရ IS တွေကို အမြစ်ပြတ်နှိမ်နင်းဖို့ သိပ်မလွယ်တဲ့ကြားမှာ၊ အခုအခါ ပိုပြီး အန္တရာယ်ရှိလာခဲ့ကြောင်း၊ ဒါပေမယ့် သူတို့တပ်ဖွဲ့ဝင်တွကတော့ နေ့မနားညမနား တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဆိုပါတယ်။ သူက ” IS တွေ ကျနော်တို့ကို ၀ိုင်းမိသွားတယ်ဆိုရင် အတော်လေး ကြီးမားတဲ့ ပြဿနာပါ … နောက်ပြီး သူတို့က ညဘက်ကျမှ ခြုံခိုတိုက်တာမျိုးတွေ လုပ်တတ်တော့ တစ်ရေးတမောအိပ်ဖို့တောင် မလွယ်ကူပါဘူး “လို့ ပြောခဲ့ပါတယ်။

READ
ဖာရာရီပြိုင်ကားကိုခိုးပြီး ဆီဘယ်လိုဖြည့်ရမလဲ မသိတဲ့သူ အဖမ်းခံခဲ့ရ
Macer Gifford

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE