ရည်းစားကို ပြင်ဆင်ပေးတဲ့နေ့လည်စာကြောင့် အဝေဖန်ခံနေရတဲ့ အမျိုးသမီး

TikTok

သြစတေးလျနိုင်ငံ ပါ့သ်မြို့နေ အမျိုးသမီးတစ်ယောက်ဟာ ရည်းစားအတွက် နေ့လည်စာပြင်ဆင်ပေးနေတဲ့ ဗီဒီယိုကို TikTok ပေါ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ နေ့လည်စာဟာ ရိုးရှင်းလွန်းပြီး ကလေးဆန်လွန်းတယ်လို့ဆိုကာ ပရိသတ်အချို့က ဝေဖန်နေခဲ့ကြတာပါ။ သူမနာမည်ကတော့ Kiara Wood-Lowe ဆိုသူဖြစ်ပါတယ်။

Kiara တင်တဲ့ဗီဒီယိုတစ်ခုမှာတော့ သူမရည်းစားအတွက် နေ့လည်စာထုတ်ပိုးပြင်ဆင်ပေးရာမှာ တရုတ်ဆီးသီးခြောက်တွေနဲ့ ငှက်ပျောသီး၊ ဝက်ပေါင်ခြောက်၊ ဆာလာမီချိစ်နဲ့ အရွက်သုပ်လိပ်၊ ဒိန်ချဉ်၊ မုန်လာဥနီ၊ ကွေကာအုတ်တောင့်၊ ဆန်ကြွပ်မုန့်၊ သခွားသီးအချဉ်စိမ်တို့ ပါဝင်တာဖြစ်ပါတယ်။ ဒီဗီဒီယိုကိုတော့ လူပေါင်း၎သိန်းကျော် ကြည့်ရှုခဲ့ကြပါတယ်။ ကြည့်ရှုအပြီးမှာတော့ တစ်ချို့တွေက Kiara ပြင်တဲ့နေ့လည်စာဘူးဆိုတာ ရည်းစားအတွက်လား ကလေးအတွက်လားဆိုပြီး မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။

Tiktok/Kiaraelainexx

“အသက် ၈နှစ်အရွယ်စားတဲ့ နေ့လည်စာကျနေတာပဲ။” “ကလေးသေးခံပါ လဲပေးလိုက်။” “ဒီလောက်လွယ်တာ သူကိုယ်တိုင်လုပ်လို့ရတာပဲ။” “မနေ့ညက စားတဲ့အကျန်တွေ ပြန်ထည့်ပေးလိုက်တာလား။” စသဖြင့်မန့်ထားကြတာပါ။ တစ်ချို့ကျတော့လည်း အကောင်းဘက်က တွေးပေးကြပါတယ်။ သမီးရည်းစားချင်း အခုလိုကြင်နာဂရုစိုက်မှုပေးတာ မြင်ရတာ ကြည်နူးစရာကောင်းကြောင်း မန့်ခဲ့ကြပါတယ်။

READ
ကိုရိုနာဗိုင်းရပ်စ်ဟာ လူအချင်းချင်း ပြန့်ပွားကူးစက်နိုင်ကြောင်း တရုတ်အတည်ပြု

အဆိုးမြင်မန့်တွေနဲ့ပတ်သက်လို့တော့ Kiara က သူမတို့နှစ်ယောက်ဟာ အတူတူနေ့လည်စာထည့်ကြတာဖြစ်ပြီး နှစ်ယောက်စလုံး ဒီတိုင်းပဲစားတာပါလို့ ပြန်ရှင်းပြခဲ့ပါတယ်။ “သူ့ကို အာဟာရပြည့်စေတဲ့စားစရာတွေ စီစဉ်ပေးတာပါ။ အနည်းဆုံးတော့ သူဘာတွေစားလဲ။ သူစားတာတွေက အာဟာရရောဖြစ်ရဲ့လားဆိုတာ ကျွန်မသိနိုင်တယ်လေ။ သူက အလုပ်ကြိုးစားတော့ တစ်နေ့လုံးအတွက် အားအင်လိုမှာပဲ။ သူလိုအပ်တာက အာဟာရရှိတဲ့စားစရာ။ မုန့်ဈေးတန်းက ချိစ်ကြက်အူချောင်းမဟုတ်ပါဘူး။” လို့လည်း Kiara က ပြောပြပါသေးတယ်။ ဒါပေမယ့်လည်း ဝေဖန်သူတွေများလွန်းတာကြောင့် Kiara ဟာ သူမရဲ့ Tik Tok အကောင့်ကို ဖျက်ပစ်ခဲ့ကြောင်းလည်း သိရပါတယ်။

ShweMom

SHARE