သူမတူတဲ့ ပုံစံမျိုးနဲ့ မြို့ပတ်ပြီး မွေးနေ့ပွဲကျင်းပခဲ့တဲ့ မလေးရှားနိုင်ငံက အမျိုးသား

[email protected] Wo

မွေးနေ့ဆိုတာ လူတစ်ယောက်အတွက် တစ်နှစ်မှတစ်ခါသာ ကျရောက်တဲ့ အထိမ်းအမှတ်နေ့ပါ။ ကိုယ့်မွေးနေ့ရောက်ရင် လူအများစုဟာ ဘော်ဒါတွေနဲ့ ဆိုင်တစ်ဆိုင်မှာစုပြီး ဘတ်ဒေးပါတီပွဲ ကျင်းပလေ့ရှိတာကိုတော့ တော်တော်များများ သိကြမှာပါ။ ဒါပေမယ့် လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ကျရောက်နေတဲ့ ကာလဖြစ်တာကြောင့် ဒီ ၂၀၂၀ ခုနှစ်မှာတော့ လူတော်တော်များများဟာ လူစုလူဝေး မလုပ်ရဆိုတဲ့ အမိန့်ကြောင့် မွေးနေ့ဆိုရင် အိမ်မှာပဲနေပြီး မိသားစုနဲ့ ကိတ်ခွဲတာမျိုးလောက်ပဲ ပြုလုပ်ကြတာပါ။ အခုပြောပြချင်တဲ့ အမျိုးသာတစ်ယောက်ကတော့ သူ့ရဲ့မွေးနေ့ကို သူမတူစွာ ပြုလုပ်ခဲ့ပြီး မြို့အနှံ့တောင်ပတ်ပြီး ကျင်းပခဲ့သေးကြောင်း World of buzz သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Wo

အဆိုပါ အမျိုးသားကတော့ မလေးရှားနိုင်ငံ၊ Nusa Bestari မြို့ရှိ Harvey Leu အမည်ရ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Harvey ရဲ့ သူငယ်ချင်းတွေဟာ Harvey ရဲ့ မွေးနေ့မှာ အမှတ်တရဖြစ်ပြီး မွေးနေ့ပွဲကို လက်တစ်လုံးခြား ကျင်းပနိုင်အောင် Harvey ကို ရဲ့ ခန္ဓာကိုယ်ကို တိပ်နဲ့ သေသေချာချာ ပတ်ခဲ့ပြီး Facemask ပါ တပ်ဆင်ပေးခဲ့ကြပါတယ်။ အဲဒီလို လုပ်ရတဲ့ အကြောင်းအရင်းကတော့ မြို့အနှံ့လျှောက်ပတ်နေတဲ့အချိန် Harvey ရဲ့ ခန္ဓာကိုယ်ကနေ COVID 19 မကူးနိုင်အောင်လို့ပဲ ဖြစ်ပါတယ်။

READ
အတွင်းခံ စွန်ကြီးကို မှ ကြံကြံဖန်ဖန် ဖန်တီးခဲ့တဲ့ ဖိလစ်ပိုင် အမျိုးသား
[email protected] Wo
[email protected] Wo

အဲဒီနောက်မှာတော့ Harvey ကို ကားနောက်ဖုံးပေါ်တင်ပြီး ပူဗောင်းတွေအလယ်မှထိုင်ခိုင်းစေကာ သူငယ်ချင်းတစ်ယောက်က အရှေ့ခန်းမှာ ကားမောင်းပြီး မြို့ပတ်ခဲ့ပါတယ်။ ကားပတ်လည်မှာလည်း Harvey ရဲ့ မွေးနေ့အကြောင်း၊ Harvey ရဲ့ အလုပ်အကိုင်တွေကိုပါ ဗီနိုင်းထုတ်ပြီး Harvey မှန်းသိအောင် ကြော်ငြာခဲ့ကြပါတယ်။ ဒီလိုမျိုး အပြင်အဆင်နဲ့ မွေးနေ့ပွဲကို သူမတူအောင် ကျင်းပခဲ့တာကြောင့် Harvey ဖြတ်သွားတဲ့ လမ်းတစ်လျှောက်မှာ Nusa Bestari မြို့နေ ပြည်သူတွေဟာ ထူးဆန်းစွာ ဝိုင်းကြည့်ခဲ့ပါတယ်။ ဒီပုံတွေကို ဆိုရှယ်မီဒီယာပေါ်တင်လိုက်တဲ့အခါမှာလည်း လူတော်တော်များများက Harvey ရဲ့ သူမတူအောင် ကျင်းပခဲ့တဲ့ မွေးနေ့ပွဲ အိုင်ဒီယာကို ချီးကျူးခဲ့ကြပါတယ်။

Pyi Hein Kyaw

SHARE