ရိုမန်တစ်ဆန်တဲ့ (၁၀)နှစ်ပြည့် အမှတ်တရကြောင့် နာမည်ကြီးနေတဲ့ စုံတွဲ

Image:IG/ Joseph

ဒီနေ့ခေတ်မှာ Relationship တစ်ခု ကို အချိန်အကြာကြီး တည်ဆောက် နိုင်ဖို့ ဆိုတာ ပို ခက် လာပါတယ်။ ချစ်သူ သက်တမ်း သိပ်မကြာလိုက်ပဲ တွဲလိုက် ပြတ် လိုက် ဖြစ်နေတဲ့ သူတွေ အများကြီးပါ။အဲ့ဒီအထဲကမှ နှစ် တွေ အကြာကြီး တွဲလာပြီး လက်တွဲ မြဲ နေတဲ့ အတွဲ က တော့ ရှားပါတယ်။အဲ့ဒီလို ရှားပါး အတွဲ ထဲမှာတော့ အခု ဖော်ပြပေးမယ့် မလေးရှားစုံတွဲ တစ်တွဲ လည်း အပါအ၀င်ပါ။သူတို့ အတွဲ လေးက တော့ ချစ်သူ သက်တမ်း (၁၀)နှစ်ပြည့် သွားခဲ့ပါပြီ။ရင်ခုန် တက်စ ဆယ်ကျော်သက် အရွယ်တည်းက တွဲလာခဲ့ ကြတာပါ။သူတို့ စုံတွဲ အ ကြောင်းကိုတော့ worldofbuzz မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Joseph Yong (@josephyong_jiajun)

သူတို့ရဲ့ ၁၀ နှစ်ပြည့် အမှတ်တရ ပုံလေးတွေ ကြောင့် သူတို့ အတွဲလေးကို လူတွေ က ပိုသတိထားမိပြီး ၀ိုင်းအား ကျ ခဲ့ ကြတာပါ။ Joseph နဲ့ Sinyee တို့က တော့ ဆယ်ကျော်သက် အရွယ် တည်းက ၂၀၁၁ တည်းက တွဲ လာခဲ့ကြတာပါ။အခု ၂၀၂၁ ဆိုရင် ချစ်သူသက်တမ်း (၁၀)နှစ်ပြည့် ခဲ့ပါပြီ။အမှတ်တရ လေးကို တော့ သူတို့ ဆယ်ကျော်သက်ချစ်သူ ဘ၀ တုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံလေး ထဲက အတိုင်း ကျောင်း ယူနီဖောင်း လေးတွေ နဲ့ အမှတ်တရ ပုံလေးတွေ ရိုက်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Joseph Yong (@josephyong_jiajun)

Joseph က တော့ ပုံတွေ ကို သူ့ရဲ့ IG မှာ ဝေမျှ ထားပါတယ်။အစ တုန်းက တော့ မင်္ဂလာ ၀တ်စုံက အလှ ဆုံး လို့ အမြဲ စိတ်ကူးထားခဲ့ဖူး ပေမယ့် နောက် တော့ စိတ်ကူး ပြောင်းပြီး သူတို့ချစ်ခရီးလမ်းရဲ့ အမှတ်တရ အဖြစ် ကျောင်းယူနီဖောင်းကိုပဲ ရွေးချယ် ဖြစ်ခဲ့တာ လို့ ဆိုပါတယ်။
ဒါကြောင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက နှစ်ယောက်သား ထားခဲ့တဲ့ ကတိသစ္စာကို ဂုဏ်ပြု တဲ့ အနေနဲ့ ကျောင်းယူနီဖောင်းလေးတွေနဲ့ပဲ အမှတ်တရ နေရာမှာ ဓါတ်ပုံရိုက်ဖို့ ဆုံးဖြတ် ခဲ့တာ လို့ ဆိုပါတယ်။”အထက် တန်း ဘ၀တည်းက မြင်မြင်ချင်း ချစ်သွားကြတာလား လို့ မေးရင် တော့ တိကျ တဲ့ အဖြေမရှိပါဘူး။ဒါတွေ အားလုံးက ကံကြမ္မာပါ။ယောက်ျားလေး တစ်ယောက်ကို ယုံကြည်ဖို့ ရွေးချယ်လိုက်ရင်. ဘယ်တော့ မှ လွယ်လွယ် အရှုံးမပေးလိုက်ပါနဲ့..” လို့ Joseph က ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Joseph Yong (@josephyong_jiajun)

သူ့အသက် ၁၆ နှစ်တုန်းက Joseph ရဲ့ မေ မေ ရော Sinyee ရဲ့ မိဘ တွေ ကပါ ငယ်ငယ်လေးနဲ့ ရည်းစားထားရ မလားဆိုပြီး ဆူတာကို ခံခဲ့ရပါတယ်။ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ က အစ သူတို့ အချစ်ကို အားမပေး ခဲ့ ကြပါဘူး။အတန်းဖော် တွေ က တောင် မှ ဒါက စိတ်ကစားရုံ သက်သက်ပဲ ဆိုပြီး ပြောတာကို ခံခဲ့ရဖူးပါတယ်။”အခု ၁၀ နှစ်ကြာပြီး တော့ နောက်ထပ် အဲ့လို မလိုတဲ့ စကားတွေ ထပ် မကြားရေ တာ့ဘူး။ကျွန်တော့် ကောင်မလေးက လည်း သူ့ အလုပ်နဲ့ သူ ရှိတယ်..

 

View this post on Instagram

 

A post shared by Joseph Yong (@josephyong_jiajun)

 

View this post on Instagram

 

A post shared by Joseph Yong (@josephyong_jiajun)

အခုက တော့ လက်ထပ်ဖို့ နဲ့ အဖေ တစ်ယောက် ဖြစ်လာဖို့ ကို ကျွန် တော့် ဘက်က ပြင်ဆင်မှုတွေ လုပ်ချင်တယ်..” လို့ Joseph က ဆိုပါတယ်။သူတို့ နှစ်ယောက်က လည်း တခြားစုံတွဲ တွေ လို ပဲ ရန်ဖြစ်ကြတဲ့အချိန် တွေ၊အဆင်မ ပြေတဲ့ အချိန် တွေ အများကြီး ရှိခဲ့ပေမယ့် လည်း ဒါ တွေကို ကြံ့ ကြံ့ ခံပြီး (၁၀)နှစ် ကြာ လက်တွဲ ခိုင်မြဲ ခဲ့ကြတာပါ။

 

View this post on Instagram

 

A post shared by Joseph Yong (@josephyong_jiajun)

#SHWEMOM

SHARE