မလေးရှားနိုင်ငံက မျက်မမြင် မိန်းကလေးတစ်ဦးဟာ ကမ္ဘာကျော်အဆိုတော် Celine Dion ရဲ့အသံနဲ့တူတယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာကျော်ကြားနေပါတယ်။ သူမဟာ Celine Dion ရဲ့ The Power of Love သီချင်းကို မူရင်းအဆိုရှင်နဲ့မခြား ကောင်းမွန်စွာဆိုနိုင်ခဲ့တာကို rachfeed သတင်းအရ သိရပါတယ်။
View this post on Instagram
Celine ဟာ ကမ္ဘာပေါ်က လေးစားစရာ အကောင်းဆုံး အဆိုတော်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အင်အားကောင်းတဲ့အသံပါဝါရှိတဲ့အပြင် high-pitched သီချင်းတွေကို ပိုင်နိုင်စွာသီဆိုနိုင်သူလည်းဖြစ်ပါတယ်။ ပြောကြတာကတော့ Celine သီချင်းတွေဟာ သီဆိုဖို့ခက်ခဲပါတယ်။ အကြောင်းရင်းကတော့ မူရင်းအဆိုရှင်အတိုင်း အကောင်းဆုံးသီချင်းတစ်ပုဒ်ဖြစ်ဖို့ အရမ်းမြင့်တဲ့ high notes တွေထိရောက်အောင် သွားရတာကြောင့်ပါ။
ဒါပေမဲ့ မလေးရှားအမျိုးသမီးလေးတစ်ဦးဖြစ်တဲ့ Putri Ariani ကတော့ Celine ရဲ့စတိုင်အတိုင်း သီဆိုခဲ့တဲ့အပြင် Celine ရဲ့အသံနဲ့ပါ အရမ်းဆင်နေတာကို တွေ့ရပါတယ်။ တကယ်လို့ လူမမြင်ရဘဲ အသံပဲနားထောင်ရင် Celine သီဆိုနေသလားထင်ရလောက်အောင် အသံပါရမီထူးခြားတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။

အခုဆိုရင်တော့ Ariani ဟာ Celine ရဲ့ ပရိသတ်တွေ၊ သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကြားထဲ နေရာတစ်နေရာရလာနေပါပြီ။ ဒါပေမဲ့ Ariani ကို မကြာခင်မှာ စတားတစ်ယောက်ဖြစ်ဖို့နဲ့ Celine ကိုယ်တိုင်က သူမကိုသတိထားမိသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ @sfqomhz ကတော့ Ariani သီဆိုထားတဲ့ Celine ရဲ့ The Power of Love သီချင်းကို ရှဲထားခဲ့ပါတယ်။ ဒီသီချင်းဟာ Celine သီချင်းတွေထဲမှာ အခက်ဆုံးတစ်ပုဒ်ဖြစ်ပေမယ့် Ariani ဟာ တစ်စုံတစ်ရာ အခက်အခဲရှိဟန်မတူဘဲ ဆိုပြခဲ့တာကို အခုလို နားဆင်ကြည့်နိုင်ပါတယ်။
Omg are you hearing this?! 😍 Her name is Putri Ariani! Follow her on IG guys! ✨ https://t.co/L5kSBlFlz9 pic.twitter.com/EnmKYJtJhZ
— Shafiqah Othman (@sfqomhz) November 13, 2020
ShweMom